ပင်လောင်း ဇူလိုင် ၂၆

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ဒေသဝက်နှင့် ကြက်များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ပေါ့အင်ကျေးရွာ၌ ကျင်းပသည်။

 

ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒေသဦးစီးမှူး ဒေါက်တာစိုးအောင်ဝင်းက ဒေသ ဝမ်းစာ အသား၊ ငါးများ ဖူလုံစေရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုတိုးတက်မြင့်မားရေးအတွက် မွေးမြူရေးလုပ်ငန်းများဖြင့် တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုစေနိုင်ကြောင်းနှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာစိုင်းအေးလှိုင်က မူးယစ်ဆေးဝါးပပျောက်ရေး စီမံကိန်းဒေသများတွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဒေသဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က ဒေသဝက် ငါးကောင်နှင့် ဒေသကြက် အကောင် ၅၀ တို့ကို ကျေးရွာမွေးမြူရေးလုပ်ငန်း ကော်မတီထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)