ရန်ကုန်   ဇူလိုင်   ၂၇

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပသည်။

ဦးစွာ  မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲ ပွဲစဉ်များ  ယှဉ်ပြိုင်နေမှုကိုကြည့်ရှု အားပေးပြီး ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲများ  ဆက်လက်ကျင်းပသည်။

ဆုပေးပွဲတွင် အမျိုးသမီးအကောင်းဆုံးအားကစားသမားဆုရရှိသည့်(ကယားပြည်နယ်အသင်း)မှ ဒီမြာနှင့် အမျိုးသားအကောင်းဆုံး အားကစားသမားဆုရရှိသည့် (ရန်ကုန်တိုင်းဒေသကြီးအသင်း)မှ ထွန်းလင်းအောင်၊ ရွှေတံဆိပ် ငါးခု၊ ကြေးတံဆိပ်လေးခုဖြင့် အမျိုးသမီးတံခွန်စိုက်ဆုဖလား ရရှိသွားသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့အား တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက Trophy နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်သည်။

ထို့နောက် ရွှေတံဆိပ် ခုနစ်ခု၊ ငွေတံဆိပ်တစ်ခုဖြင့် အမျိုးသားတံခွန်စိုက်ဆုဖလား ရရှိသွားသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ရွှေတံဆိပ် ၁၂ ခု၊ ငွေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် လေးခုဖြင့် စုပေါင်း တံခွန်စိုက်ဆုဖလားရရှိသွားသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းအား မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက စုပေါင်းတံခွန်စိုက်ဆုဖလားကို   ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်