လိုက်ပ်ဇစ်တောင်ပံကစားသမား ယန်ဒီယိုမန်ဒီသည် ရီးရဲမက်ဒရစ်အသင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိပြီဖြစ်ကြောင်း သိရသည်။ အသက် ၁၉ နှစ်အရွယ် အိုင်ဗရီကို့စ်ကစားသမားကို ရီးရဲမက်ဒရစ်အသင်းအပြင် နာမည်ကြီး လီဗာပူးနှင့် ပီအက်စ်ဂျီအသင်းတို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေသည်။
၎င်းသည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အိုင်ဗရီကို့စ်အသင်းတွင် ပါဝင်ကစားခဲ့သူဖြစ်သည်။
ရီးရဲမက်ဒရစ်အသင်းသည် ပြီးခဲ့သည့်ရာသီတွင် စပိန်ကလပ် လီဂါနက်စ်အသင်းမှ ငါးနှစ်စာချုပ်ဖြင့် လိုက်ပ်ဇစ်အသင်းသို့ ပြောင်းရွှေ့ခဲ့သော ဒီယိုမန်ဒီအတွက် ပြောင်းရွှေ့ကြေးပေါင် သန်း ၁၀၀ ထက် ပေးချေရဖွယ်ရှိသည်။ ၎င်းသည် ၂၀၂၅-၂၀၂၆ ရာသီတွင် ၁၂ ဂိုးသွင်းပြီး ရှစ်ကြိမ် ဂိုးဖန်တီးမှုပြုလုပ်ထားနိုင်သောကြောင့် ဘွန်ဒက်စ်လီဂါ တစ်နှစ်တာ အကောင်းဆုံးလူငယ်ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
အောင်ဇော်


