လှိုင်းဘွဲ ၅ မေ 

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာတွင် ယနေ့ညနေ ၅ နာရီ ၃၅ မိနစ်ခန့်တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုတ်ခတ်မှုကြောင့် မြို့မရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်နှင့် ရွှေပြည်တော်ရပ်ကွက်တို့ရှိလူနေအိမ်၊ဘုန်းတော်ကြီး ကျောင်းတို့တွင် အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါမိုးသည်းထန်ရွာသွန်း၍ လေပြင်းတိုတ်ခတ်မှုကြောင့် မြို့မရပ်ကွက်တွင် အိမ်ခြေ(၁၅)လုံး၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ တောင်ပိုင်းရပ်ကွက်တွင် အိမ်ခြေ(၁၇)လုံး၊ ရွှေပြည်တော်ရပ်ကွက်တွင် အိမ်ခြေ(၆)လုံးတို့မှာ အမိုးလန်ခြင်းများ၊ သွပ်တန်းသစ်များ ကျိုးပဲ့ပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

 

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးနေအိမ်နှင့် မိသားစုဝင်များအား မြို့နယ်သဘာဝဘေးဆိုင်ရာစီမံခန့် ခွဲမှုကော်မတီနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအဖွဲ့က ကယ်ဆယ်ရေးများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

 

ခင်စန်းမြင့်( ပြန်/ဆက်)

 

2.03