ဆယ်ကျော်သက်တို့အတွက် အလှအပဆိုင်ရာ လျှို့ဝှက်ချက်များ စာအုပ်ထွက်ရှိ

၄ ဇူလိုင်

 

ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်များဖတ်ရှုနိုင်စေရန် စာရေးသူတိုးမောင် စီစဉ်ရေးသားသည့် ဆယ်ကျော်သက်တို့အတွက် လျှို့ဝှက်ချက်များ စာအုပ်ထွက်ရှိလာသည်။

 

77777777777777

 

ဆယ်ကျော်သက် အရွယ်မိန်းကလေးများ၏ တစ်ကိုယ်ရေကျန်းမာရေးနှင့်ပတ်သက်သည့် အမေးအဖြေများကို စုစည်းဖော်ပြထားသည်။ အသားအရေ နူးညံ့ချောမွေ့ခြင်းအတွက် အကြံပေးချက်များ၊ လက်မောင်း၊ ခြေသလုံးများရှိ အကြည့်ရဆိုးသော အမွေးအမှင်များဖယ်ရှားခြင်း၊ မျက်နှာပေါ်ရှိ ဝက်ခြံများမပေါက်စေရန်ကာကွယ်ခြင်း၊ ပေါက်နေသည့်ဝက်ခြံများကို ကုသနည်း၊ ဆံနွယ်များကို အထောက်အကူပေးခြင်းနှင့်ခြေသည်း၊ လက်သည်းအကြောင်း သိကောင်းစရာများကို ဖော်ပြထားသည်။ ကျန်းမာ၍ တင့်တယ်သောအလှပိုင်ရှင်ဖြစ်လိုသူ မိန်းကလေးတိုင်းအတွက် ဖတ်ရှုလေ့လာသင့်သော စာအုပ်တစ်အုပ်ဖြစ်သည်။

 

ကြေးမုံ စာအုပ်စင်