၂၅ ဇူလိုင်
ဥပဒေနှင့်သက်ဆိုင်သည်များကို နားလည်နိုင်စေရန် စာရေးသူဦးကျော်ဇေယျ စီစဉ်ရေးသားသည့် ဥပဒေ ၁၀ဝ၊ ပုဒ်မ ၁၀ဝဝ၏ ပြစ်မှု ပြစ်ဒဏ်များ(ဒုတိယတွဲ) စာအုပ် ထွက်ရှိလာသည်။

အဆိုပါစာအုပ်တွင် တရားရုံးများ မထီမဲ့မြင်ပြုမှုဥပဒေ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ်လူနာကို ကူညီစောင့်ရှောက်ခြင်းနှင့် ကုသခြင်းဆိုင်ရာဥပဒေ၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအ္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ ပိုးသတ်ဆေးဥပဒေ၊ မြန်မာနိုင်ငံဗဟိုဘဏ်ဥပဒေ စသည့်ဥပဒေပေါင်း ၆၀ နှင့် ပတ်သက်သည်များကို ရေးသားထားသည်။
ကြေးမုံ စာအုပ်စင်