ကျွန်းစု ၁ သြဂုတ်
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာအုပ်စု ပဲ့တိုင်ကျေးရွာ၌ ဇူလိုင်လ ၃၁ ရက် ညနေ ၃ နာရီ ၃၀ မိနစ်ခန့်က မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် လူနေအိမ်(၂)လုံး ပြိုလဲပြီး လူနေအိမ် (၄)လုံး အမိုးအကာများ ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
![2](https://mdn.gov.mm/sites/default/files/inline-images/image-0-02-08-6e11f9285d486f754d4ef8f25da026ffca6f827cc5980c65e8c6b1f35f1f2ae2-V.jpg)
အဆိုပါ မိုးသက်လေပြင်းများတိုက်ခတ်မှုကြောင့် နေအိမ်များ ပြိုလဲ/အမိုးလန်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော်လည်း လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း နေအိမ်အပျက်အစီးများအား ကျေးရွာတာဝန်ခံ ဦးအောင်ငယ်နှင့် ကျေးရွာသူ/ကျေးရွာသားများမှ ကူညီဖယ်ရှားရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။
![3](https://mdn.gov.mm/sites/default/files/inline-images/image-0-02-08-bf8f1f6e2512153c7bd74e446458caea5f6b15dce4b1319b07249d548ede5dfa-V.jpg)
မိုးသက်လေပြင်းများတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု(၆)စုတို့မှ မိသားစုဝင် အမျိုးသား ၂၁ ဦး၊ အမျိုးသမီး ၁၁ ဦး၊ စုစုပေါင်းလူဦးရေ အမျိုးသား/အမျိုးသမီး (၃၂)ဦးတို့ အား ၎င်းကျေးရွာရှိ ဆွေမျိုးသားချင်းနှင့် အသိမိတ်ဆွေများ၏ နေအိမ်များသို့ ယာယီပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း သိရသည်။
မြင့်ဦး(မြိတ်)