ပုလော ၁၇ သြဂုတ် 

ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ နှင့် Women Club တို့ ပူးပေါင်း၍ အခြေခံ မိတ်ကပ်လိမ်းနည်းနှင့် ဆံထုံးထုံးနည်း သင်တန်းဖွင့်ပွဲကို သြဂုတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီက ပုလောမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖွင့်ပွဲတွင် ပုလောမြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဋ္ဌ ဒေါ်အေးမြတ်ရီက အဖွင့် အမှာ စကား ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမော်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းခဲ့သည်။

ယင်းနောက် နည်းပြဆရာ ဦးရာဇာမင်းအောင် (မအဂ္ဂ)က အခြေခံ မိတ်ကပ်လိမ်းနည်း နှင့် ဆံထုံးနည်းနည်းကို လက်တွေ့သရုပ်ပြ သင်ကြားပို့ချခဲ့ပြီး၊ အဆိုပါသင်တန်းကို သင်တန်းသူ (၂၀) ဦးက တက်ရောက်ခဲ့ကြောင်း သိရသည်။

ထူးဝေယံ(ပြန်/ဆက်)