ပေါက် ၂၈ သြဂုတ်
မကွေးတိုင်းဒေကြီး ပေါက်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးကျင်းပသော မြို့နယ်အဆင့် ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
အဆိုပါ ပြေးခုန်ပစ်ပြိုင်ပွဲ အပြေးပြိုင်ပွဲတွင် ကျား/မ (၇၂)ဦး၊ အလျားခုန်ပြိုင်ပွဲတွင် ကျား/မ (၂၃)ဦး၊ သံလုံး၊ သံပြား၊ လှံတံပစ်ပြိုင်ပွဲတွင် ကျား/မ (၅၇)ဦး စုစုပေါင်း (၁၅၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြရာ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲကို တိုင်းဒေသကြီး/ မြို့နယ်/ ခရိုင် ကိုယ်စားပြု အားကစားသမားများ မွေးထုတ်ပေးနိုင်ပြီး နိုင်ငံ့လက်ရွေးစင် ကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ဉာဏ်တိုး(ပေါက်)