၆ စက်တင်ဘာ
ချမ်းသာတဲ့နိုင်ငံတွေမှာ ကင်ဆာရောဂါကြောင့် သေဆုံးသူဟာ နှလုံးရောဂါကြောင့် သေဆုံးသူထက် ပိုများလာတာကို တွေ့ရကြောင်း ဆယ်နှစ်စုတစ်ခုစာ သုတေသနရာကနေရရှိချက်ကို အင်္ဂါနေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ကမ္ဘာတစ်ဝှမ်းက လူလတ်ပိုင်းအရွယ်တွေကြားမှာ နှလုံးရောဂါကြောင့် သေဆုံးသူဦးရေမှာ အမြင့်ဆုံး အများဆုံးဖြစ်လာပါတယ်။ ၂၀၁၇ ခုနှစ်မှာ သေဆုံးမှုရဲ့ ၄၀ ရာခိုင်နှုန်းကျော်က နှလုံးရောဂါကြောင့် သေဆုံးရာ လူပေါင်း ၁၇.၇ သန်း ယူဆရကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၁၇ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းမှာ သေဆုံးသူရဲ့ ၂၆ ရာခိုင်နှုန်းဟာ ကင်ဆာရောဂါကြောင့် သေဆုံးခဲ့တဲ့အတွက် ကင်ဆာရောဂါကြောင့် သေဆုံးသူပမာဏဟာ ဒုတိယအဆင့်မှာ ရှိနေပါတယ်။
ဝင်ငွေ မြင့်၊ လယ်၊ နိမ့် နိုင်ငံတွေက အရွယ်ရောက်ပြီးသား လူပေါင်း ၁၆၀,ဝ၀ဝ ဦးကို လေ့လာရာမှ ဆင်းရဲတဲ့နိုင်ငံတွေက လူတွေထက် နှလုံးရောဂါကြောင့် သေဆုံးသူ ၂.၅ ရာခိုင်နှုန်း များတာကို တွေ့ရပြီး ကင်ဆာရောဂါနဲ့ နမိုးနီးယားရောဂါဖြစ်နှုန်းမှာ ချမ်းသားတဲ့နိုင်ငံတွေထက် နည်းပါးတာကို တွေ့ရပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သန့်ရှင်းတဲ့လေ ရှုရှိုက်မှု၊ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာနဲ့ ပညာရေးနိမ့်ကျမှုတို့ဟာ နှလုံးရောဂါနဲ့ ဆက်စပ်နေကြောင်း ရေးသားထားပါတယ်။
MDN
ကိုးကား - AFP