တစ်မိုးသောက်လို့ လင်းခဲ့ပြီ
နေခြည်ဦးစချီ။
ကမ္ဘာမြေဆီ ရောင်နီသန်း
ပန်းရောင်စုံပွင့်လန်း။
အိပ်တန်းဆီမှ ဆင်းသက်လာ
အိမ်ခေါင်မိုးထက်မှာ။
အော်မြည်ကာလေ ကျိကျိတေး
နှိုးစက်စာကလေး။
အနာဂတ်ရင်သွေး ကလေးငယ်
ထကြတော့လေကွယ်။
လွယ်အိတ်လွယ်ကာ ကျောင်းကိုသွား
ပြည်တန်ရတနာများ။
လမ်းမမှားမို့ ဖေးမကူ
မိဘ၊ ဆရာတူ။
စိတ်ဖြူစင်ကာ ပီတိဖုံး
ကဗျာ စာသီကုံး။
နေမင်းနွယ်(ရွှေညောင်မြေ)