(၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် ဂျပန်လက်ရွေးစင်အသင်းတို့ စက်တင်ဘာလ(၁၀)ရက်နေ့ ညနေ(၆)နာရီ၊ မိနစ်(၅၀)အချိန်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပါသည်။ အဆိုပါ ပွဲစဉ်အား မြန်မာ့ရုပ်မြင်သံကြား MRTV၊ MRTV Sports Channel နှင့် မြန်မာ့အသံရေဒီယိုအစီအစဉ်တို့မှ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည်ဖြစ်ပါကြောင်းတင်ပြအပ်ပါသည်။
Regional
News Category