၁၃ နိုဝင်ဘာ
ပြီးခဲ့သည့်လက တိုင်ဖွန်းမုန်တိုင်း ဟာဂီဘစ် ဝင်ရောက် တိုက်ခတ်ခဲ့ပြီး နောက်ပိုင်း သေဆုံးခဲ့သူ ၁၅ ရာခိုင်နှုန်းမှာ အလုပ်လုပ်ရင်း သို့မဟုတ် ခရီးသွားနေရင်း သေဆုံးခဲ့ကြောင်း စစ်တမ်းတစ်ရပ်က ပြသနေသည်။
NHK နှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကျွမ်းကျင်သူ တက္ကသိုလ် ပါမောက္ခ ရှီဇူအိုကာ မိုတိုယုကီ ယူရှီမာတို့ ဉီးဆောင်ပြီး စစ်တမ်း ကောက်ယူမှု ပြုလုပ်ခဲ့သည်။
အဆိုပါ အဖွဲ့က စစ်တမ်း ကောက်ယူခဲ့ရာတွင် လူပေါင်း ၉၂ ဉီးမှာ တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးခဲ့သည်ဟု ဆိုသည်။
၎င်းတို့ တွေ့ရှိခဲ့သည့် စစ်တမ်းတွင် ၁၅ ရာခိုင်နှုန်းတွင် သေဆုံးသူ ၁၃ ဉီးမှာ အလုပ်ချိန်အတွင်း သို့မဟုတ် အိမ်ပြန်ချိန်တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။
အသက် ၇၅ နှစ်အရွယ် အမျိုးသား တစ်ဉီးနှင့် အသက် ၅၈ နှစ်အရွယ် အမျိုးသမီး တစ်ဉီးတို့သည် ၎င်းတို့၏ လုပ်ငန်းခွင်တွင် သေဆုံးခဲ့ကြသည်။
အခြားသေဆုံးသူ နှစ်ဆယ်ခန့်မှာ အိမ်၏ ပြင်ပတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူများသည် အိမ်ထဲတွင်သာ နေထိုင်ပါက အသက်ရှင်မည်ဖြစ်ကြောင်း ယူရှီးမားက ပြောကြားခဲ့သည်။
စီးပွားရေး လုပ်ငန်းရှင်များနှင့် အခြား အဖွဲ့အစည်းများမှ ဝန်ထမ်းများကို ဘေးအန္တရာယ် ရှိသည့် အခြေအနေမှ ထွက်မသွားရန် ညွှန်ကြားသင့်ကြောင်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်