ရန်ကုန် ၂၀ ဇန်နဝါရီ
မြန်မာ့ရွှေဈေး(အကယ်ဒမီ မီးလင်းရွှေဈေး)မှာ ယနေ့ မွန်းလွဲ ၂ နာရီတွင် ငွေကျပ် ၁,၂၁၆,၆ဝဝ (တစ်ဆယ့် နှစ်သိန်း တစ်သောင်း ခြောက်ထောင့် ခြောက်ရာ) ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၆၁ ဒေါ်လာဖြစ်ပြီး ပြည်တွင်းငွေလဲလှယ်နှုန်း အနေဖြင့် အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၁၄၆၅ ကျပ် ဖြစ်ကြောင်း သိရသည်။
MDN