တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉  ထပ်မံကူးစက်ခံရသူ ၇၈ ဦး၊ စုစုပေါင်း ၉၆၆၁ ဦး ရှိလာ

၃၀ မတ်

တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၇၈ ဦး ရှိပြီး ကူးစက်ခံရသူ စုစုပေါင်း ၉၆၆၁ ဦး အထိရှိလာသည်ဟု ဖော်ပြထားသည်။

ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၃ ဦးကို လေဆိပ်များတွင် တွေ့ရှိခဲ့ရခြင်း ဖြစ်ပြီး  ပြည်ပမှ ဝင်ရောက်လာသူများသည် ဗုဒ္ဓဟူးနေ့ညသန်းခေါင်မှ စတင်ကာ သီတင်းပတ် နှစ်ပတ်ကြာ သီးသန့်နေထိုင်ရမည် ဖြစ်သည်။ ခြောက်ဦး ထပ်မံသေဆုံးကြောင်း အတည်ပြုကာ သေဆုံးသူပေါင်း  ၁၅၈ ဦး ရှိပြီဖြစ်ကြောင်း ဖော်ပြထားသည်။ စုစုပေါင်း သေဆုံးမှုနှုန်းမှာ ၁ ဒသမ ၆၄ ရာခိုင်နှုန်း ရှိသည်။

၁၉၅ ဦးမှာ ပြန်လည်ကောင်းမွန်လာသဖြင့် သီးသန့်ခွဲခြားထားသည့်နေရာမှ ထွက်ခွာခွင့်ပြုခဲ့သည်။  ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၅၂၂၈ ဦး ရှိသည်။

ဗိုင်းရပ်စ်သတိပေးချက်အဆင့်လေးဆင့်ရှိရာတွင် အမြင့်ဆုံးအဆင့်ဖြစ်သော အနီရောင်အဆင့်သို့ ရောက်ရှိခဲ့သည်။

ဆိုးလ်မြို့ အရှေ့တောင်ဘက် ၃၀ဝ ကီလိုမီတာ အကွာ Daegu မြို့နှင့် ၎င်းဝန်းကျင် မြောက်ပိုင်း ဂျိုဆန်ပြည်နယ်တို့တွင် ကူးစက်ခံရသူ အရေအတွက်မှာ  ၆၆၂၄ နှင့် ၁၂၉၈ အထိ များပြားလာသည်။ကူးစက်ခံရသူ စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော် ရှိသည်။

ဆိုးလ်မြို့နှင့် ၎င်းနှင့်ကပ်လျက် ဂျောင်ဂျီပြည်နယ်တို့တွင် ကူးစက်ခံရသူ အရေအတွက်မှာ ၄၂၆ နှင့် ၄၆၃ ဦးတို့ ဖြစ်ကြသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို