၁၅ ဇန်နဝါရီ
မလေးရှားနိုင်ငံ တိရိစ္ဆာန်ဥယျာဉ်ထဲမှာ ပန်ဒါဝက်ဝံလေးရဲ့ ၁ နှစ်ပြည့်မွေးနေ့ပွဲကို တနင်္လာနေ့ က ကျင်းပခဲ့ပါတယ်။
မွေးနေ့ကိတ်ကို ရေခဲမှုံတွေနဲ့ပြုလုပ်ပြီး မုန်လာဥနီများနဲ့ အလှဆင်ထားတာကို တွေ့ရပါတယ်။ နာမည်မပေးရသေးတဲ့ ပန်ဒါဝက်ဝံငယ်လေးဟာ တိရိစ္ဆာန်ဥယျာဉ်ကို လာရောက်လည်ပတ်သူများ ရှေ့မှာတင် မွေးနေ့ပွဲကို ကျင်းပနေတာ ဖြစ်ပါတယ်။ မွေးနေ့ကိတ်မှာ အလှဆင်ထားတဲ့ မုန်လာဥနီးလေးတွေကို စားရင်း အိပ်ပျော်သွားတာကိုလည်း တွေ့ရပါတယ်။
အဲဒီဝက်ဝံလေးဟာ လက်ရှိ ၇၅ ပေါင်အလေးချိန်ရှိပြီး လီလီးနဲ့ ယင်ယင်းတို့ကနေ မွေးထားတဲ့ ဒုတိယမြောက် ကလေးငယ်ဖြစ်ပါတယ်။ လီလီးနဲ့ယင်ယင်းတို့ကို တရုတ်နိုင်ငံကနေ ၁၀ နှစ်သက်တမ်းနဲ့ ၂၀၁၄ ခုနှစ်က ငှားရမ်းခဲ့တယ်လို့သိရပါတယ်။ လီလီးနဲ့ယင်ယင်းတို့ရဲ့ ပထမကလေး နန်နန်းကို ၂၀၁၅ ခုနှစ် သြဂုတ်လက မွေးဖွားခဲ့ပြီး နန်နန်းအသက် ၂ နှစ်အရွယ်မှာ အငှားစာချုပ်ရဲ့ သဘောတူညီချက်အရ တရုတ်ပြည်ကို ပြန်လည်ပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။
တရုတ်နိုင်ငံရဲ့ အနောက်ပိုင်းရှိ ဝါးရုံတောများပေါက်ရောက်နေတဲ့ တောင်တန်းပေါ်မှာ ပန်ဒါအကောင်ရေ ၁၈၀ဝ လောက် သဘာဝအတိုင်းနေထိုင်ကျက်စားနေကြောင်း သဘာဝတောရိုင်းတိရိစ္ဆာန် ရံပုံငွေအဖွဲ့ (WWF) က ခန့်မှန်းထားပါတယ်။
MDN
AFP