၁၇ ဇန်နဝါရီ
ဆီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် အသေခံဗုံးခွဲ တိုက်ခိုက်မှုတစ်ခုကြောင့် အမေရိကန်စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များ အပါအဝင် လူပေါင်း ၁၀ဦးကျော် သေဆုံးခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုမှာ ၄င်းတို့၏ လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်စစ်သွေးကြွအုပ်စုက ပြောကြားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုမှာ ဗုဒ္ဓဟူးနေ့က မြို့တော် မန်ဘီဂျီမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လူစုလူဝေးများရှိရာ အဆောက်အဦးတစ်လုံး အပြင်ဘက်တွင် ရုတ်တရက် ပေါက်ကွဲမှုဖြစ်ပြီး မီးများလောင်ကျွမ်းနေပုံကို ဗွီဒီယိုဖိုင်တစ်ခုတွင် ပြသနေသည်။ လမ်းသွားလမ်းလာများသည် ပေါက်ကွဲမှုကြောင့် ဘေးလွတ်ရာသို့ ရွေ့ပြောင်းခဲ့ရသည်။
ပြည်သူ ၁၀ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဆီရီးယား လူအခွင့်အရေး လေ့လာစောင့်ကြည့်ရေးဆိုင်ရာအဖွဲ့မှ တာဝန်ရှိသူများက ပြောကြားသည်။
တပ်ဖွဲ့ဝင် ၂ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ပြီး ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ်မှ ထုတ်ပြန် ချက်တစ်ခုအတွင်း အတည်ပြုပြောကြားသည်။
၂၀၁၅ခုနှစ်တွင် ဆီးရီးယားတွင် တပ်များ စတင်ချထားပြီးနောက်ပိုင်း အမေရိကန်တပ်ဖွဲ့ဝင်များ အသေအ ပျောက်အများဆုံး တိုက်ခိုက်မှုဖြစ်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
တိုက်ခိုက်ရေးသမားတစ်ဦးက အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း အိုင်အက်စ်စစ်သွေးကြွအဖွဲ့၏ ထုတ်ပြန်ချက် တစ်ခုတွင် ဖော်ပြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဒီဇင်ဘာ ၁၉ရက်တွင် အမေရိကန်တပ်များ ဆီးရီးယားမှ ရုတ်သိမ်း ကြောင်း ကြေညာခဲ့ပြီး အိုင်အက်စ်အဖွဲ့ ဖြိုခွင်းခံခဲ့ရပြီဖြစ်ကြောင်း ပြောကြားသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်