(၁၄-၉-၂၀၂၀) ရက်နေ့၊ မွန်းလွဲ (၃:၃၀) နာရီ
၁။ ယမန်နေ့ (၁၃-၉-၂၀၂၀) ရက်နေ့ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် တွေ့ရှိခဲ့ရသည့် COVID-19 လူနာများတွေ့ရှိမှုအခြေအနေများကို ဖော်ပြအပ်ပါသည်။
၂။ မြောက်ဥက္ကလာပဆေးရုံကြီး တွင် တက်ရောက်ကုသမှုခံယူလျက်ရှိသော အသက် (၇၀) နှစ်အရွယ် သွေးတိုးရောဂါအခံရှိသူ အမျိုးသား (Case-2504) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်းရောဂါဖြင့် (၁၃-၉-၂၀၂၀) ရက်နေ့၊ ညနေ (၄:၀၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။
၃။ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသော အသက် (၇၂) နှစ် အရွယ် ဆီးချိုရောဂါ၊ သွေးတိုး နှင့် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသူ အမျိုးသား (Case-1987) သည် ပြင်းထန်အဆုတ်ရောင်ရောဂါ ကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း ရောဂါဖြင့် (၁၄-၉-၂၀၂၀) ရက်နေ့၊ နံနက် (၆:၃၆) နာရီ အချိန်တွင် သေဆုံး သွားခဲ့ပါသည်။
၄။ သို့ဖြစ်ပါ၍ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူစုစုပေါင်း (၂၆)ဦး ရှိပြီဖြစ်ပါသည်။
#Ministry_of_Health_and_Sports
![mdn](https://mdn.gov.mm/sites/default/files/inline-images/mohs-2_0.png)
![mdn](https://mdn.gov.mm/sites/default/files/inline-images/mohs-3_0.png)
![mdn](https://mdn.gov.mm/sites/default/files/inline-images/mohs-4.png)