ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား ပြန်လည် ပို့ဆောင်ပေးခဲ့

၁  နိုဝင်ဘာ

 

COVID-19 ကူးစက်ရောဂါကာလအတွင်း ပြည်ပနိုင်ငံများတွင် သင်္ဘောဆင်း၍ စောင့်ဆိုင်းနေကြသည့် မြန်မာသင်္ဘောသားများအတွက် Crew Change Supporting Committee-Myanmar ၏ စီစဉ်မှုဖြင့် နိုဝင်ဘာ ၁ ရက်နေ့တွင် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းဖြင့် အထူးကယ်ဆယ်ရေး လေယာဉ် ပျံသန်းပြေးဆွဲပေးခဲ့သည်။

 

အဆိုပါ လေယာဉ်သည် အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်မြို့သို့ ၄ နာရီ ၅ မိနစ်တွင် ထွက်ခွာခဲ့ပြီး  မြန်မာသင်္ဘောသား ၁၃၅ ဦး စီးနင်းလိုက်ပါ သွားခဲ့သည်။

 

လိုက်ပါသည့် ခရီးသည်များ လေဆိပ်တွင် အခက်အခဲ တစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှဝန်ထမ်းများက လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

 

#နိုင်ငံခြားရေးဝန်ကြီးဌာန