(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

မင်းဘူး ဒီဇင်ဘာ ၆

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များပြသခြင်း၊ အမျိုးသားအောင်ပွဲနေ့ သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကို ဒီဇင်ဘာ ၅ ရက် မွန်းလွဲပိုင်းက အ.ထ.က(၁) မင်းဘူးနှင့် အ.ထ.က(ခွဲ) မြို့မကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး နံရံကပ်စာစောင်များ၊ လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)