၁၁နှစ်အတွင်း တရုတ်ယွမ်ငွေ ငွေလဲလှယ်နှုန်း အနည်းဆုံးအဖြစ် တရုတ်ဗဟိုဘဏ် သတ်မှတ်

၆ သြဂုတ်


အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေးစစ်ပွဲ ပိုမိုပြင်းထန်လာမှုများအကြား တရုတ်ငွေကြေး တန်ဖိုးကျဆင်းလာပြီးနောက် အမေရိကန် ဒေါ်လာနှင့် တရုတ်ယွမ်ငွေလဲလှယ်နှုန်းသည် ၁၁ နှစ်တာကာလအတွင်း အနိမ့်ဆုံး ဈေးနှုန်းထိ ကျဆင်းခဲ့ကြောင်း တရုတ်ဗဟိုဘဏ် က ယနေ့သတ်မှတ်ခဲ့သည်။


၂၀ဝ၈ ခုနှစ် မေလ နောက်ပိုင်း တရုတ်ယွမ်ငွေလဲလှယ်နှုန်း အနည်းဆုံး ကျဆင်းလာကာ တရုတ်ပြည်သူ့ဘဏ်က ၆ ဒသမ ၉၆၈၃ ယွမ် သတ်မှတ်ကာ ယမန်နေ့က စပြီး သုည ဒသမ ၆၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။


ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံ အကြား ကုန်သွယ်ရေး သဘောထားကွဲလွဲများအကြား ငွေကြေးကစားမှုများကြောင့် တရုတ်ယွမ်ငွေ တန်ဖိုးကျဆင်းခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဌာန က ပြောကြားခဲ့သည်။


ယွမ်တန်ဖိုးများ ကျဆင်းလာခြင်းကြောင့်  တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေး အငြင်းပွားမှုကို ဖြေရှင်းမှုပြုလုပ်ရန် ခက်ခဲလာမည်ဟု မျှော်လင့်ရကြောင်း သုံးသပ်သူများက ဆိုသည်။


ယွမ်တန်ဖိုးကျဆင်းခြင်းသည် တရုတ်နိုင်ငံထုတ် ပို့ကုန်များ ဈေးသက်သာပြီး ပြည်ပ ကုမ္ပဏီများကို အထိနာမည် ဖြစ်သည်။


အမေရိကန် တစ်ဒေါ်လာကို ငွေလဲနှုန်း တရုတ် ၇ ယွမ် ထိ ကျဆင်းလာခြင်းသည် ၁၁ နှစ်အတွင်း ယွမ်ငွေတန်ဖိုး ထိုးကျခဲ့ခြင်းဖြစ်ပြီး အမေရိကန်နှင့် တရုတ်နိုင်ငံတို့ တင်းမာမှု ပိုပြင်းထန်လာမည် ဖြစ်ကြောင်း ဖော်ပြထားသည်။


သမ္မတ ဒေါ်နယ်ထရန့် က အမေရိကန်သို့ တင်သွင်းသော တရုတ်သွင်းကုန်များမှ ဒေါ်လာ ၃၀ဝ ဘီလီယံ တန်ဖိုးရှိ ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန် ၁၀ ရာခိုင်နှုန်း ထပ်မံစည်းကြပ်ရန် ပြီးခဲ့သည့် သီတင်းပတ် က ဆုံးဖြတ်ခဲ့သည်။


တရုတ်သွင်းကုန်အပေါ် နောက်ထပ်အခွန်တိုးမြှင့် ကောက်ခံမည့် သမ္မတ ထရန့် ၏ အစီအစဉ်ကို ဆန့်ကျင်ကာ လက်တုံ့ပြန်သည့် အနေဖြင့် အမေရိကန် လယ်ယာထုတ်ကုန်များ ဝယ်ယူမှုကို တရုတ်ကုမ္ပဏီများက ဆိုင်းငံ့ခဲ့ကြသည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာ က ယခုသီတင်းပတ်အစောပိုင်းက သတင်းဖော်ပြခဲ့သည်။


အမေရိကန်နိုင်ငံမှ ဒေါ်လာ ၁၁၀ ဘီလီယံ တန်ဖိုးရှိ ကုန်ပစ္စည်းများကို အခွန်စည်းကြပ် ကောက်ခံခြင်းဖြင့် တရုတ်တို့ လက်တုံ့ပြန်ခဲ့သည်။


ကိုးကား - ကျိုဒိုနယူး