နေပြည်တော် ဇွန် ၂
ကမ္ဘောဒီးယားနိုင်ငံက ဇွန် ၃ ရက်မှ ၉ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားအဖွဲ့များ ကြိုဆိုနှုတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ ရှိ Morodok Techo National Sports Complex ၌ (Team Welcome Ceremony) ကြိုဆိုရေး အခမ်းအနားကို ကျင်းပသည်။
ဦးစွာ ကမ္ဘောဒီးယားနိုင်ငံမှ H.E. Hun Many (Member of the Cambodian National Assembly) က ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားသည်။
ထို့နောက် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တီမော လက်စ်တေနှင့် ဗီယက်နမ်နိုင်ငံတို့၏ နိုင်ငံတော်အလံများကို လွှင့်တင်ခဲ့ပြီးနောက် အိမ်ရှင်ကမ္ဘောဒီးယားနိုင်ငံနှင့် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံများ၏ ကိုယ်စားလှယ်များက အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ ပြီးနောက် အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်