(၁၂)လရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ် နယုန်လအတွက် စာပြန်ပွဲနှင့် စံပယ်ပန်း ၂၀ဝ ကျပ်တန် အထူးထုတ် တံဆိပ်ခေါင်းသစ်ရောင်းချပေးမည်

နေပြည်တော် ၂၈ မေ 


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက် လုပ်ငန်းမှ (၁၂)လရာသီ ပွဲတော်များနှင့် ပန်းများအထိမ်းအမှတ် နယုန်လအတွက် စာပြန်ပွဲနှင့်စံပယ်ပန်း ၂ဝဝိ/-ကျပ်တန် အထူးထုတ်စာပို့ တံဆိပ်ခေါင်းသစ်(၁)မျိုးအား ဇွန် (၃)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ နယုန်လဆန်း (၁)ရက်၊ တနင်္လာနေ့ နံနက် ၉ နာရီခွဲမှ စတင်၍ တိုင်းဒေသကြီး / ပြည်နယ်များရှိ လုပ်ငန်းပြည့်စာတိုက်အသီးသီး တွင် ရောင်းချပေးသွားမည်ဖြစ်သည်။


အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ဇွန်(၃)ရက်၌ ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


(သတင်းစဉ်)