၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲအထိမ်းအမှတ်ဝန်ထမ်းများ သင်္ကြန်ယိမ်းအကပြိုင်ပွဲ ကျင်းပ 

နေပြည်တော်  ဧပြီ ၇

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဒေါ်သန်းသန်းလင်းတို့နှင့်အတူ ယမန် နေ့၊ မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသော ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲအထိမ်းအမှတ် ဝန်ထမ်းများ သင်္ကြန်ယိမ်း အကပြိုင်ပွဲကို ကြည့်ရှုအားပေးပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲကို သင်္ကြန်ရေစင်များ ပက်ဖျန်း၍ ပျော်ရွှင်စွာဆင်နွှဲကြသည်။ 

ဆက်လက်၍ ဝန်ထမ်းများသင်္ကြန်ယိမ်းအကပြိုင်ပွဲကို ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဝန်ကြီးဌာန အောက်ရှိ ဌာနများမှ ဌာနကိုယ်စားပြု စုစုပေါင်း ယိမ်းအဖွဲ့ (၂၀) တို့က ပါဝင် ယှဉ်ပြိုင် ကြသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ မိမိတို့ မဏ္ဍပ်များအလိုက် သင်္ကြန် စတုဒီသာကျွေးမွေးဧည့်ခံကြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒုတိယဝန်ကြီးများနှင့် ဌာန ဆိုင်ရာအကြီးအကဲများက ဝန်ထမ်းများနှင့်အတူ ကြည့်ရှု အားပေးခဲ့ကြပြီး၊ ပြိုင်ပွဲတွင် ပထမဆု ရရှိသော အကောက်ခွန်ဦးစီးဌာန၊ ဒုတိယဆု ရရှိသော ပြည်တွင်းအခွန် များဦးစီးဌာန၊ တတိယဆု ရရှိသော ပြည်ထောင်စုဝန်ကြီးရုံး (ရုံးအမှတ်-၂၆)၊ စတုတ္ထဆု ရရှိသော ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန၊ ပဉ္စမဆုရရှိသော စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနနှင့် နှစ်သိမ့်ဆု ရရှိသော ကျန်ဌာနများကို ဆုများချီးမြှင့်ကြသည်။

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲအထိမ်းအမှတ် ဝန်ထမ်းများ သင်္ကြန်ယိမ်းအကပြိုင်ပွဲကို စီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ အနေဖြင့် မြန်မာ့ယဉ် ကျေးမှုဓ လေ့ထုံးစံများအား ချစ်ခင်မြတ်နိုး ထိန်းသိမ်းနိုင်ကြစေရန်၊ ရာသီပွဲတော်အဖြစ် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင် ကြစေရန်နှင့် မြန်မာ့နှစ်သစ်ကိုကြိုဆိုပြီး၊ အားမာန် အပြည့်၊ စည်းလုံးညီ ညွတ်စွာဖြင့် နိုင်ငံ့တာဝန်များကို ကြိုးပမ်းထမ်းဆောင်ကြစေရန်  ရည်ရွယ်လျက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်