(၁၉) ကြိမ်မြောက် အာဆီယံ-ပြန်ကြားရေးဆပ်ကော်မတီ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနိုင်ရေး ဆွေးနွေး

နေပြည်တော် ၃၁  ဇန်နဝါရီ

(၁၉)ကြိမ်မြောက် အာဆီယံ-ပြန်ကြားရေး ဆပ်ကော်မတီ(19th SCI) အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက် အမှာစကား ပြောကြားသည်။

ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်  ဦးမြင့်ထွေးက (၁၉)ကြိမ်မြောက် အာဆီယံ-ပြန်ကြားရေး ဆပ်ကော်မတီ အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံ ကျင်းပနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းပြီးစီးမှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် သက်ဆိုင်ရာ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် နိုင်ငံ၏ ပုံရိပ်ကောင်းမွန်းရေးတို့အတွက် သက်ဆိုင်ရာ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများက တက်ညီလက်ညီဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။

(၁၉)ကြိမ်မြောက် အာဆီယံပြန်ကြားရေးဆပ်ကော်မတီ အစည်းအဝေးကို မတ် ၅ ရက်မှ ၈ ရက်အထိ ရန်ကုန် တိုင်းဒေသကြီး ရန်ကုန်မြို့ Sky Star Hotel တွင် ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူး၍ အိမ်ရှင်အဖြစ် လက်ခံကျင်းပ သွားနိုင်မည်ဖြစ်သည်။

MDN