၂၀၁၇ ခုနှစ်အတွက် ဝင်ငွေ ၁၅ ရာခိုင်နှုန်းထိ တိုးမြင့်ခဲ့သည့် Huawei

ဟောင်ကောင် ၂၉ ဒီဇင်ဘာ


တရုတ် စမတ်ဖုန်း ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Huawei ဟာ ၂၀၁၇ ခုနှစ် တစ်နှစ်လုံးစာအတွက် ဒေါ်လာ ၉၂ ဘီလီယံထိ တိုးမြင့်ရခဲ့ကြောင်းနဲ့ ဒါဟာ ၁၅ ရာခိုင်နှုန်း တိုးတက်လာတာ ဖြစ်ကြောင်း Huawei ရဲ့ အလုပ်အမှုဆောင်အရာရှိ Ken Hu က ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။ ကုမ္ပဏီအနေနဲ့ တရုတ်ယွမ်ပေါင်း ၆၀ဝ ဘီလီယံ ထိ ရှာဖွေနိုင်ခဲ့ကြောင်း သူ့ရဲ့ WeChat အကောင့်ပေါ်မှာ ရေးသားထားတာဖြစ်ကြောင်း ရိုက်တာ သတင်းအရ သိရပါတယ်။


Ken Hu ရဲ့ ထုတ်ဖေါ်ရေးသားချက်အရ ၂၀၁၇ ခုနှစ်အတွင်းမှာ စမတ်ဖုန်းအလုံးပေါင်း ၁၅၃ သန်း တင်ပို့ရောင်းချနိုင်ခဲ့ပြီး ကမ္ဘာ့ စမတ်ဖုန်းဈေးကွက်ရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ထားထာဖြစ်ကြောင်း သိရပါတယ်။ Samsaung နှင့် Apple စမတ်ဖုန်း ကုမ္ပဏီများပြီးရင် ကမ္ဘာ့ တတိယအကြီးဆုံး စမတ်ဖုန်း ကုမ္ပဏီဖြစ်တဲ့ Huawei အတွက်တော့ ၂၀၁၇ ခုနှစ် ဝင်ငွေဟာ လေးနှစ်အတွင်း အနှေးကွေးဆုံး ဝင်ငွေ တိုးတက်မှု ဖြစ်ကြောင်း ရိုက်တာသတင်းရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။


MDN
ကိုးကား (ရိုက်တာ)