၂၀၁၈-၂၀၁၉ ပရီမီယားလိဂ်ဖလားအား မန်စီးတီးအသင်း သိမ်းပိုက်ပြီး နှစ်နှစ်ဆက် ချန်ပီယံဖြစ်ခဲ့

၁၃ မေ  

မန်စီးတီးအသင်းကြီးသည် မေ ၁၂ ရက်နေ့က ဘရိုက်တန်အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိကာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီ ပရီမီယားလိဂ် ချန်ပီယံဖလားကို သိမ်းပိုက်သွားခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘောလုံးရာသီကလည်း ချန်ပီယံဖြစ်ခဲ့သောကြောင့် ပရီမီယားလိဂ်ဖလားကို နှစ်နှစ်ဆက်တိုက် ရယူထားနိုင်ခဲ့သည်။

 

1

 

မန်စီးတီးအသင်းသည် ၂၀၁၈ ခုနှစ် ကုန်ခါနီးတွင် လီဗာပူးအသင်းနှင့် ၇ မှတ်အထိ ကွာဟနေသော်လည်း အကောင်းဆုံးကြိုးစားလာခဲ့သဖြင့် ရာသီပြီးဆုံးချိန်တွင် လီဗာပူအသင်းထက် ၁ မှတ်အသာဖြင့် ချန်ပီယံဖလားကြီးကို ရယူသွားနိုင်ခဲ့ခြင်း ဖြစ်သည်။

 

2

 

မန်စီးတီးအသင်းသည် ကာရာဘောင်း(EFL) ဖလားပြိုင်ပွဲတွင် ချယ်လ်ဆီးအသင်းကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် ဗိုလ်စွဲအနိုင်ရရှိထားခဲ့သလို ပရီမီယားလိဂ်ဖလားကိုလည်း လီဗာပူးနောက်မှလိုက်ပြီး တစ်မှတ်အသာဖြင့် ဦးဆောင်ကာ ရမှတ် (၉၈) မှတ်ဖြင့် ချန်ပီယံဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် မန်စီးတီးအသင်းဟာ အက်ဖ်အေဖလား ဖိုင်နယ်ပွဲစဉ်ကို ဝက်ဖို့စ်အသင်းနှင့် မေ ၁၈ ရက်နေ့တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ပြည်တွင်း လိဂ်ဖလားသုံးလုံးအား သိမ်းပိုက်နိုင်မည့် အခွင့်အရေးသည် လက်တစ်ကမ်းအလိုတွင် ရှိနေသည်။

 

3

 

၂၀၁၈-၂၀၁၉ ပရီမီယားလိဂ်ရာသီပြီးဆုံးချိန်တွင် ချန်ပီယံအဖြစ် မန်စီးတီးအသင်း၊ ရွှေဖိနပ်ဆုကို လီဗာပူးအသင်းမှ မာနေးနှင့် ဆာလက်၊ အာဆင်နယ်အသင်းမှ အူဘာမီယန် တို့က အသီးသီးရရှိခဲ့ကြသည်။ လီဗာပူးအသင်းမှ ဗန်ဒိုက်သည် အကောင်းဆုံးကစားသမားဆုနှင့် PFA Player of the Year ဆုများ ရရှိခဲ့ပြီး ရွှေလက်အိတ်ဆုကို လီဗာပူးဂိုးသမား အလီဆွန်မှ ရရှိခဲ့သည်။ PFA Young Player of the Year ဆုကို မန်စီးတီးအသင်းမှ စတာလင် မှ ရရှိခဲ့သည်။

 

4

 

ချန်ပီယံလိဂ်ဝင်ခွင့်ရရှိသွားသည့် အသင်းများမှာ မန်စီးတီး၊ လီဗာပူး၊ ချယ်လ်ဆီးနှင့် စပါးအသင်းတို့ ဖြစ်ကြပြီး တန်းဆင်းသွားကြသည့် အသင်းများမှာ ဖူဟမ်၊ ကာဒစ်နှင့် ဟတ်ဒါဖီးအသင်းတို့ ဖြစ်ကြသည်။

MDN

 

5