၂၀၁၈-၂၁၉ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ မတ်လအထိ မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန် အခြေအနေ

နေပြည်တော် ၂၈ မတ်


၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ မတ်လအတွက် မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၂၉ ဒသမ ၄၆ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၆၂ ဒသမ ဝ၁ သန်းနှင့် စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅၉၁ ဒသမ ၄၇ သန်း ဖြစ်သည်။ ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁၀၈ ဒသမ ၅၅ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ၂၆၇ ‘သမ ဝ၉ သန်းနှင့် စုစုပေါင်း သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၃၇၅ ဒသမ ၆၄ သန်းဖြစ်သည်။ သို့ဖြစ်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ဖေဖော်ဝါရီလအတွက် စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၉၆၇ ဒသမ ၁၁ သန်း ဖြစ်ပြီး ကုန်သွယ်မှုပိုငွေမှာ အမေရိကန်ဒေါ်လာ ၂၁၅ ဒသမ ၈၃သန်း ဖြစ်ပေါ်ခဲ့သည်။


၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ မတ်လအထိ မြန်မာနိုင်ငံ၏ ပုံမှန် ပို့ကုန်တန်ဖိုးမှည အမေရိကန်ဒေါ်လာ ၄၆၁၆ ဒသမ ၆၇ သန်း၊ နယ်စပ်ပို့ကုနတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၅၈၉ ဒသမ ၄၁ သန်းနှင့် စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၂၀၆ ဒသမ ဝ၈ သန်း ဖြစ်သည်။ ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၃၅၇ ဒသမ ၆၉ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄၃၈ ဒသမ ၆၃ သန်းနှင့် စုစုပေါင်း သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၇၉၆ ဒသမ ၃၂ သန်း ဖြစ်သည်။ သို့ဖြစ်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ မတ်လအထိ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၇၀ဝ၂ ဒသမ ၄၀ သန်းဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၅၉၀ ဒသမ ၂၄ သန်း ဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ လစဉ်တင်ပြသော ပို့ကုန်၊ သွင်းကုန် အခြေအနေ အစီရင်ခံစာအရ သိရှိရသည်။


သတင်းစဉ်