၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၆)ခုတို့မှ  တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဆေးတက္ကသိုလ်ဝင်ခွင့်  လျှောက်လွှာခေါ်ယူ  

နေပြည်တော် ၃  စက်တင်ဘာ 

    
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ ဆေးတက္ကသိုလ်များတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေး ခက်ခဲသောဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၆)ခုတို့မှ  ၂၀၁၉-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများ အား ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်လွှာခေါ်ယူထားကြောင်း သိရသည်။
    

သို့ပါ၍ သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသူများ လျှောက်ထားနိုင်ပြီး လျှောက်လွှာများကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထား၍ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနသို့ တိုက်ရိုက်ပေးပို့ လျှောက်ထား ရမည်ဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို ကျန်းမာရေး လူ့စွမ်း အားအရင်းအမြစ် ဦးစီးဌာနတွင် မေးမြန်းစုံစမ်းနိုင်ကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းရရှိသည်။ 


သတင်းစဉ်