၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မုံရွာခရိုင်အတွင်းရှိ မြို့နယ်လေးခု၌ အခြေခံပညာကျောင်း (၅၂)ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိ

မုံရွာ  ၁၅  ဇွန် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ရှိ မြို့နယ်လေးခုတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း (၅၂)ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိခဲ့ကြောင်း မုံရွာခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

 

မုံရွာခရိုင်အတွင်းရှိ မုံရွာ၊ ချောင်းဦး၊ ဘုတလင်နှင့် အရာတော်မြို့နယ်များတွင် နှစ်စဉ်တိုးပွားလာသော ကျောင်းသား/ကျောင်းသူများ အနေဖြင့် အလွယ်တကူပညာသင်ကြားနိုင်ရန်အတွက် အခြေခံပညာကျောင်းများကို အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း၊ ကျောင်းအသစ်များဖွင့်လှစ်ခြင်းတို့ကို လုပ်ဆောင်ပေးလျက်ရှိရာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ခရိုင်အတွင်း အခြေခံပညာကျောင်း (၅၂)ကျောင်းကို အဆင့်တိုးမြှင့်ဖွင့် လစ်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆင့်တိုးမြှင့်ခွင့်ရရှိသည့် ကျောင်းများအဖြစ် မုံရွာမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၂)ကျောင်း၊ အလကကျောင်း(၅)ကျောင်း၊ အထက(ခွဲ)ကျောင်း (၄)ကျောင်း၊ မူလတန်းလွန်ကျောင်း (၂)ကျောင်း၊ အမက(ခွဲ)ကျောင်း (၁)ကျောင်း စုစုပေါင်း(၁၄)ကျောင်းအားလည်းကောင်း၊ ချောင်းဦးမြို့နယ်တွင် အလက(ခွဲ)ကျောင်း (၁)ကျောင်း၊  မူလတန်းလွန်ကျောင်း (၁)ကျောင်း၊ မူလတန်းကျောင်း(၁)ကျောင်း စုစုပေါင်း (၃)ကျောင်းအားလည်းကောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိခဲ့သည်။

 

အလားတူ ဘုတလင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁)ကျောင်း၊ အထက(ခွဲ) ကျောင်း (၄)ကျောင်း၊ အလကကျောင်း (၄)ကျောင်း၊ အလက(ခွဲ)ကျောင်း (၆)ကျောင်း၊ မူလတန်းလွန်ကျောင်း (၂)ကျောင်း၊ အမကကျောင်း (၅)ကျောင်း စုစုပေါင်း (၂၂)ကျောင်းအားလည်းကောင်း၊ အရာတော်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (၄)ကျောင်း၊ အလကကျောင်း(၁)ကျောင်း၊ အလက(ခွဲ)ကျောင်း (၃)ကျောင်း၊ မူလတန်းလွန်ကျောင်း (၂)ကျောင်း၊ အမကကျောင်း (၁)ကျောင်းနှင့် အမက(ခွဲ)ကျောင်း (၂)ကျောင်း စုစုပေါင်း(၁၃)ကျောင်းအားလည်းကောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိခဲ့ကြောင်း မုံရွာခရိုင် ပညာရေးမှူးရုံးမှ သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)