၂၀၁၉ ခုနှစ် မဟာသင်္ကြန်ကာလအတွင်း မှုခင်းဖြစ်ပွားမှု

နေပြည်တော် ၁၇ ဧပြီ

 

၂၀၁၉ ခုနှစ်၊ မဟာသင်္ကြန် အကြိုနေ့မှစတင်၍ မဟာသင်္ကြန် အတက်နေ့အထိ သင်္ကြန်ကာလအတွင်း ရေပက်ကစား လည်ပတ်ကြရာမှ မူးယစ်သောက်စား အပျော်လွန်ကျူးမှု၊ ယာဉ်မဆင်မခြင် မောင်းနှင်မှု၊ အစအနောက် လွန်ကျူးရာမှ ခိုက်ရန်ဖြစ်ပွားမှု အပါအဝင် မှုခင်းဖြစ်ပွားမှုများ အနေဖြင့် နေပြည်တော်တွင် လူသတ်မှု ၂ မှု ( ၂ ဦးသေဆုံး)၊ ယာဉ်တိုက်မှု ၂ မှု (၂ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ)၊ ခိုက်ရန်ဖြစ်ပွားမှု ၄ မှု ( ၆ ဦးဒဏ်ရာရ)၊ ရေနစ်သေဆုံးမှု ၁ မှု ( ၁ ဦးသေဆုံး)၊ ကချင်ပြည်နယ်တွင် ယာဉ်တိုက်မှု ၂ မှု ( ၂ ဦးဒဏ်ရာရ)၊ ခိုက်ရန်ဖြစ်ပွားမှု ၁ မှု (၁ ဦးဒဏ်ရာရ)၊ ရေနစ်သေဆုံးမှု ၁ မှု ( ၁ ဦး သေဆုံး)၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် လူသတ်မှု ၃ မှု ( ၃ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ)၊ ယာဉ်တိုက်မှု ၁ မှု ( ၁ ဦးဒဏ်ရာရ)၊ ခိုက်ရန်ဖြစ်ပွားမှု ၈ မှု( ၁၁ ဦးဒဏ်ရာရ)၊ ရေနစ်သေဆုံးမှု ၆ မှု( ၆ ဦးသေဆုံး) ဖြစ်ပွားခဲ့သည်။

 

တနင်္သာရီတိုင်းဒေသကြီးတွင် ရေနစ်သေဆုံးမှု ၁ မှု  ( ၁ ဦး သေဆုံး)၊ ပဲခူးတိုင်းေ ဒသကြီးတွင် ယာဉ်တိုက်မှု ၁ မှု ( ၁ ဦးသေဆုံး)၊ ခိုက်ရန်ဖြစ်ပွားမှု ၁ မှု( ၁ ဦးဒဏ်ရာရ)၊ ရေနစ်သေဆုံးမှု ၁ မှု (၁ ဦး သေဆုံး)၊ မကွေးတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ၂ မှု (၁၁ ဦးဒဏ်ရာရ)၊ ခိုက်ရန်ဖြစ်ပွားမှု ၄ မှု ( ၇ ဦး ဒဏ်ရာရ)၊ မန္တလေးတိုင်းဒေသကြီးတွင် လူသတ်မှု ၁ မှု ( ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ)၊ ယာဉ်တိုက်မှု    ၄ မှု ( ၁ ဦးသေဆုံး၊ ၁၆ ဦး ဒဏ်ရာရ)၊ ခိုက်ရန်ဖြစ်ပွားမှု ၁၃ မှု (၂၁ ဦးဒဏ်ရာရ)၊ မွန်ပြည်နယ်တွင် ခိုက်ရန်ဖြစ်ပွားမှု ၁ မှု (၂ ဦးဒဏ်ရာရ)၊ ရန်ကုန်တိုင်းဒေသကြီးတွင် လူသတ်မှု ၁ မှု ( ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ)၊ ယာဉ်တိုက်မှု ၂ မှု (၉ ဦးဒဏ်ရာရ)၊ ခိုက်ရန်ဖြစ်ပွားမှု ၃ မှု( ၇ ဦးဒဏ်ရာရ)၊ ရေနစ်သေဆုံးမှု  ၁ မှု ( ၁ ဦးသေဆုံး)၊ ရှမ်းပြည်နယ်တွင် ယာဉ်တိုက်မှု ၅ မှု( ၄ ဦးသေဆုံး၊ ၂၆ ဦးဒဏ်ရာရ)၊ ရေနစ်သေဆုံးမှု ၂ မှု (၂  ဦးသေဆုံး)၊ ဧရာဝတီတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ၂ မှု ( ၃ ဦးဒဏ်ရာရ)၊ ခိုက်ရန်ဖြစ်ပွားမှု ၁ မှု ( ၁ ဦးဒဏ်ရာရ)၊ ရေနစ်သေဆုံးမှု ၁ မှု ( ၁ ဦးသေဆုံး) တို့ရှိခဲ့ပြီး စုစုပေါင်း လူသတ်မှု ၇ မှု ( ၇ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ)၊ ယာဉ်တိုက်မှု ၂၁ မှု ( ၈ ဦး သေဆုံး၊ ၆၉ ဦး ဒဏ်ရာရ)၊ ခိုက်ရန်ဖြစ်ပွားမှု ၃၆ မှု (၅၇ ဦး ဒဏ်ရာရ)၊ ခိုးမှု ၂ မှု၊ ရေနစ်သေဆုံးမှု ၁၄ မှု (၁၄ ဦး သေဆုံး) ရှိခဲ့ကြောင်း သိရှိရသည်။

           

ဖော်ပြပါသင်္ကြန်နှင့်ပတ်သက်သော ပြစ်မှုများဖြစ်ပွားမှုသည် တိုင်းဒေသကြီး/ ပြည်နယ် (၁၁) ခုတွင်သာ ဖြစ်ပွားခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ်များတွင် သင်္ကြန်နှင့် ပတ်သက်သော မှုခင်းများလျော့နည်းစေရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အလေးထား ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သို့သော်သင်္ကြန်ပွဲတော်နှင့် ပတ်သက်မှုမရှိဘဲ သီးခြားအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် စုစုပေါင်း လူသတ်မှု ၃၀ (၃၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ)၊ ယာဉ်တိုက်မှု ၃၃၉ မှု (၁၁၅ ဦး သေဆုံး၊ ၇၂၈ ဦးဒဏ်ရာရ)၊ ခိုက်ရန်ဖြစ်ပွားမှု ၁၀၅ မှု (၁၄၄ ဦးဒဏ်ရာရ)၊ ရေနစ်သေဆုံးမှု အပါအဝင် သေမှုသေခင်း ၁၁၀ (၁၁၃ ဦးသေဆုံး)၊ ခိုးမှု ၃၆ မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် ကြိုတင်ကာကွယ်မှု ၁၉၇၆ မှု အရေးယူ ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် သင်္ကြန်ကာလအတွင်း ဘေးအန္တရာယ်ဖြစ်စေနိုင်သော တုတ်၊ ဓားမျိုးစုံ၊ လေးခွ၊ ချိန်းကြိုး/ သံကြိုး၊ ဝက်အူလှည့်၊ ကတ်ကြေး၊ သံလက်သီး၊ စကေဘာ စုစုပေါင်း ၄၂၇ ခုနှင့် အရက်/ဘီယာပုလင်းမျိုးစုံ ၅၇၁၇၉ ပုလင်း၊ ကာမရာဂ စိတ်ကြွဆေးများဖြစ်သည့် သောက်ဆေး၊ လိမ်းဆေး၊ ထိုးဆေး၊ ဖျန်းဆေးမျိုးစုံ ၆၂၅ ဘူး၊ ဆေးလုံး ၂၃၉၂ လုံး၊ ဆေးကတ် ၃၃၆ ကတ်နှင့် ထိုးဆေး ၂ ပုလင်းတို့အား သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ စုစုပေါင်း ကြိုတင်ကာကွယ် ထိန်းသိမ်း တားဆီးခဲ့သူပေါင်းမှာ ၂၇၉၇ ဦးဖြစ်၍ ပြစ်မှုကျူးလွန်သူများကိုလည်း ဥပဒေနှင့်အညီ ဆက်လက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ 

 

(သတင်းစဉ်)