၂၀၁၉ ခုနှစ် TSDP  အစီအစဉ်အရ အခြေခံပညာကျောင်း ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ပုလော    ၂၅   အောက်တိုဘာ    

၂၀၁၉ ခုနှစ် ၊Township Sports  Development Program (TSDP) အစီအစဉ် အရ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို  အောက်တိုဘာ  ၂၅ ရက် နံနက် ၁၀ နာရီက ပုလောမြို့ မိုးလုံလေလုံ အားကစားခန်းမ ၌ ကျင်းပခဲ့သည်။

 

jkhad

 

ဖွင့်ပွဲ အခမ်းအနားတွင် ပုလောမြို့နယ် (ခေတ္တ)အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်က အဖွင့် အမှာစကားပြောခဲ့ကြပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစား အဓိဌာန်များ ရွတ်ဆိုခဲ့ကြသည်။

 

jsf

 

အဆိုပါ အခြေခံပညာ အမျိုးသမီး၊အမျိုးသား ဘောလီဘော ပြိုင်ပွဲသို့ အထက(ခွဲ)ပုလော၊ အလက(၂)၊ အထက(ခွဲ)ကျောင်းနိမ့်၊ အထက(ခွဲ)ပေါင်း၊ အထက (ပလောက်)၊ အထက(ခွဲ)ဇရပ်ဆိပ်၊ အထက(ပုလော)၊ အထက(ပုလောကုန်း)၊ အထက(ကဒဲ)၊ အထက(ကျောင်းတောင်)နှင့် အထက(ရှပ်ပုံ) စသည့် ကျောင်းများမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြမည်ကြောင်း နှင့် ဖွင့်ပွဲ အပြီးတွင် အမျိုးသားဘောလီဘော ပြိုင်ပွဲ ကို ဆက်လက်ကျင်းပရာ အထက(ခွဲ)ပုလော က  အထက(ရှပ်ပုံ) ကို အနိုင်ရရှိခဲ့ကြောင်း သိရသည်။

 မြို့နယ် ပြန်/ဆက်

 

hsxs