၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်

နေပြည်တော် ၁၇  ဇွန်

 

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရန်အတွက် မိမိတို့စာမေးပွဲဖြေဆိုခဲ့သော စာစစ်ဌာနကြီးကြပ်ရေးမှူးများ (အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများ)ထံတွင် အမှတ်စာရင်း၊ အရည် အချင်းမှတ်တမ်းချုပ် ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမည့် ပုံစံစာအိတ်ကို ဇွန် ၂၄ ရက် (တနင်္လာနေ့)မှစ၍ ကိုယ်တိုင် ထုတ်ယူကြရမည်ဖြစ်ကြောင်း သိရသည်။

 

သီးခြားဝင်ခွင့်ရွေးချယ်မည့် တက္ကသိုလ်များသို့ ပထမဦးစားပေးလျှောက်ထားပါ က ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊  မန္တလေးနည်းပညာတက္ကသိုလ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ မန္တလေးကွန်ပျူတာ တက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်(လှိုင် နယ်မြေ)၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် (မိတ္ထီလာမြို့)များသို့ တိုက်ရိုက် တင်သွင်းလျှောက်ထားရမည်ဖြစ်သည်။

 

ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များ၊ တက္ကသိုလ်ဝင်ခွင့်ရွေး ချယ်ရေးအဖွဲ့မှ ရွေးချယ်မည့်တက္ကသိုလ်များသို့ ပထမဦးစားပေးလျှောက်ထားပါက မြစ်ကြီးနားတက္ကသိုလ်၊ လွိုင်ကော်တက္ကသိုလ်၊ ဘားအံတက္ကသိုလ်၊ ဟားခါးကောလိပ်၊ မုံရွာတက္ကသိုလ်၊ စစ်ကိုင်းတက္ကသိုလ်၊ ထားဝယ်တက္ကသိုလ်၊ တောင်ငူတက္ကသိုလ်၊ ပြည် တက္ကသိုလ်၊ ပဲခူးတက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊ မန္တလေးအဝေးသင် တက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်၊ စစ်တွေတက္ကသိုလ်၊ တောင်ကုတ်ဒီဂရီကောလိပ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ လားရှိုးတက္ကသိုလ်၊ ကျိုင်းတုံတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်၊ ကောလိပ်များသို့ တင်သွင်းလျှောက်ထားရမည်ဖြစ်သည်။

 

တက္ကသိုလ် ဝင်ခွင့်လျှောက်လွှာအိတ်များကို ဇွန် ၂၄ ရက်မှ ဇူလိုင် ၂၃ ရက်အထိ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များအပါအဝင် (ပိတ်ရက်မရှိ) အထက်ပါတက္ကသိုလ်များ၌ လက်ခံမည်ဖြစ်သည်။

 

သတ်မှတ်ရက်ကျော်လွန်မှ လျှောက်ထားသူများသည် အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ) သထုံလမ်း ကမာရွတ်မြို့နယ် ရန်ကုန်မြို့သို့ ပေးပို့လျှောက်ထားရမည် ဖြစ်သည်။

 

အသေးစိတ်သိရှိလိုပါက အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ) သထုံလမ်း ကမာရွတ်မြို့နယ် ရန်ကုန်မြို့ ဖုန်း - ၅၃၇၆၇၇ နှင့် ၅၀၃၁၄၇ သို့ ဆက်သွယ်စုံစမ်းနိုင် ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)