၂၀၁၉ ခုနှစ်သည် ကမ္ဘာအကျပ်အတည်းများကြားမှ မျှော်လင့်စရာနှစ်တစ်နှစ် ဖြစ်ခဲ့ကြောင်း ကုလသမဂ္ဂထုတ်ပြန်

၂၅ ဒီဇင်ဘာ

 

၂၀၁၉ ခုနှစ်သည် ကမ္ဘာအကျပ်အတည်းများကြားမှ မျှော်လင့်စရာနှစ်တစ်နှစ် ဖြစ်ခဲ့ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောကြားခဲ့ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

 

နယူးယောက်မြို့တွင် ယမန်နေ့က ကုလသမဂ္ဂဌာနချုပ်၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် စတီဖင် ဒူဂျာရစ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ပြီးခဲ့သည့်နှစ်က ဆီးရီးယားနိုင်ငံအတွင်း ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ပွဲများနှင့် အကျပ်အတည်းများကို မြင်တွေ့ခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

ကုလသမဂ္ဂ၏ ရာသီဉတုဆိုင်ရာ ပြောင်းလဲမှုညီလာခံရလဒ်ကို ဂူတာရက်က စိတ်ပျက်မိကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

၂၀၁၉ခုနှစ်သည် ရာသီဉတုပြောင်းလဲခြင်းနှင့် အခြားပြဿနာများမှ လူငယ်များကို စည်းရုံးပြီး မျှော်လင့်ခြင်း နှစ်တစ်နှစ်အဖြစ် ထင်မြင်မိကြောင်း  ဒူဂျာရစ်က ပြောကြားခဲ့သည်။

 

လူငယ်များက  ကမ္ဘာကြီးကို ပိုမိုကောင်းမွန်အောင်တည်ဆောက်ရန်နှင့် နိုင်ငံရေးခေါင်းဆောင်များအား တာဝန်ခံမှုရှိစေရန် တွန်းအားသည်အလွန်ကောင်းသည့် လုပ်ရပ်ဖြစ်ကြောင်း ကုလပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

 

လာမည့်နှစ်သည် ကုလသမဂ္ဂတည်ထောင်မှု ၇၅နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်သည်။

 

လူမှုအဖွဲ့အစည်းနှင့် အခြားနည်းလမ်းအသုံးပြုပြီး ကမ္ဘာအနှံ့ရှိပြည်သူလူထု၏ ထင်မြင်ယူဆချက်များကို တောင်းခံရန် ကမ္ဘာ့အဖွဲ့အစည်းသည် ဇန်နဝါရီလတွင် အစီအစဉ်များကို စတင် အကောင်အထည်ဖော်မည်ဖြစ်သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်