၂၀၁၉ ခုနှစ်တွင် လစ်ဗျားနိုင်ငံမှ ပြောင်းရွှေ့သည့် ဒုက္ခသည် ၁၃၅၀ ဦး ရှိသည်ဟု ကုလသမဂ္ဂပြောကြား

၂၆ သြဂုတ်

၂၀၁၉ ခုနှစ်တွင် လစ်ဗျားနိုင်ငံမှ တတိယနိုင်ငံများသို့  ပြောင်းရွှေ့သည့် ဒုက္ခသည် ၁၃၅၀ ဦး ရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး က ယမန်နေ့က ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်တွင် လစ်ဗျားနိုင်ငံမှ ဒုက္ခသည်စုစုပေါင်း ၁၃၅၀ ဦးကို ဘေးကင်းရာ တတိယနိုင်ငံများသို့ ပြောင်းရွှေ့ပေးခြင်း (သို့မဟုတ်) ပြန်လည်နေရာချထားခြင်းတို့ပြုလုပ်ခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက တွစ်တာတွင် ရေးသားထားခဲ့သည်။

စနေနေ့က ဒုက္ခသည် ၃၁ ဦး ထွက်ခွာခဲ့ပြီး ၎င်းတို့ဘဝများ ကဏ္ဍသစ်တစ်ရပ် စတင်ရန် မျှော်လင့်ကြောင်း ထပ်လောင်း ဖော်ပြထားသည်။

လစ်ဗျားနိုင်ငံသည် ပရမ်းပတာဖြစ်ခြင်းနှင့် လုံခြုံစိတ်ချမှုမရှိခြင်းတို့ကြောင့် တရားမဝင် ရွှေ့ပြောင်းသွားလာသူများ မြေထဲပင်လယ်ကို ဖြတ်ကျော်ကာ ဥရောပသို့ထွက်ခွာသည့် နေရာဖြစ်ကာ လမ်းခုလတ်တွင် လူအများအပြား ရေနစ်သေဆုံးခဲ့သည်။

အာဖရိက မြောက်ပိုင်းနိုင်ငံတွင် လုံခြုံရေးအခြေအနေများ ပိုမိုဆိုးဝါးလာသည့်  လစ်ဗျားနိုင်ငံသည် ပြောင်းရွှေ့သွားလာသူများအတွက် ဘေးကင်းလုံခြုံမှုမရှိသော ဆိပ်ကမ်းမြို့ဖြစ်သည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောကြားခဲ့သည်။

ကိုးကား- ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို