၂၀၁၉  မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ (စတုတ္ထ)ပွဲစဉ်ကို ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း)၌ ကျင်းပမည်

ရန်ကုန် ၁၆ စက်တင်ဘာ


မြန်မာနိုင်ငံ၌ ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့မှကြီးမှူး၍ SAE PAING Development Ltd မှ အဓိကကူညီပံ့ပိုးသည့် ၂၀၁၉ခုနှစ်၊ မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ (စတုတ္ထ)ပွဲစဉ်ကို ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း)၌  အောက်တိုဘာလ(၁) ရက်မှ(၄)ရက်အထိ ကျင်းပမည်ဖြစ်သည်။


ပြိုင်ပွဲတွင် ပညာရှင်အဆင့်၊ ဝါသနာရှင်အဆင့် (အမျိုးသား)(H’cap 0-12)ဝါသနာရှင်အဆင့် (အမျိုးသမီး) (H’cap 0-18) ယှဉ်ပြိုင်ကစားခွင့်ပြုမည်ဖြစ်ပြီး ဝါသနာရှင်အဆင့်(အမျိုးသား) ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ဦးရေ (၁၂၀) ကန့်သတ်ထားသည်။ အဆိုပါပြိုင်ပွဲကို စိန့်အင်ဒရူး ဂေါက်သီးစည်းမျဉ်းများနှင့် ဒေသန္တရ စည်းမျဉ်းများအတိုင်း ကျင်းပမည်ဖြစ်သည်။ 


ယင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့်    ဂေါက်သီးအားကစားသမားများသည်  စက်တင်ဘာ(၁၆) ရက်မှစတင်၍    အမည်စာရင်းပေးသွင်းနိုင်ပြီး၊ စက်တင်ဘာလ(၂၂)ရက် မန်းလွဲ(၂)နာရီနောက်ဆုံးထား၍  ပညာရှင်အဆင့် တစ်ဦးလျင် (၃၀ဝ၀ဝ)ကျပ်၊  ဝါသနာရှင်အဆင့် တစ်ဦးလျင် (၁၀ဝ၀ဝ) ကျပ်ဖြင့်   ဖုန်း ဝ၉-၇၇၉၈၄၆၇၆၁ ထံ ပြိုင်ပွဲဝင်ကြေးနှင့်အတူ စာရင်းပေးသွင်းနိုင်ပါသည်။ စာရင်းပေးသွင်းထားပြီး ပြိုင်ပွဲဝင်ကြေးပေးသွင်းထားသူများသည်  စက်တင်ဘာ (၂၄) ရက် နှင့်  (၂၇)ရက်တွင် မွန်းတည့် ၁၂ နာရီထိ (Official Practice Round) ကစားနိုင်မည်ဖြစ်သည်။ 


အမည်စာရင်းပေးသွင်းထားပြီး ပြိုင်ပွဲမယှဉ်ပြိုင်နိုင်ပါက  ပြိုင်ပွဲမတိုင်မီကြိုတင်   အကြောင်းကြားရန် လိုအပ်ပြီး အကြောင်းကြားခြင်းမရှိပါက နောက်ပွဲစဉ်များတွင် ဝင်ရောက်ယှဉ်ပြိုင် ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။ ထို့ပြင်  ပြိုင်ပွဲဝင်ကြေးပေးသွင်းရန်   နောက်ကျသော  ကစားသမားများကိုလည်း   ပြိုင်ပွဲအတွဲ ဇယားများတွင်  ထည့်သွင်းရေးဆွဲမည်မဟုတ်ကြောင်း   သိရသည်။


သတင်း-ဖိုးသော်ဇင်