၂၀၁၉ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဂျူဒိုပြိုင်ပွဲ၊ ဖွင့်ပွဲ ကျင်းပ

ရန်ကုန် ၄ ဇွန်

၂၀၁၉ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ် မြန်မာနိုင်ငံဂျူဒို အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား လူသစ်တန်းနှင့် အသက်(၂၀)နှစ်အောက် သက်ငယ်တန်း ဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီက ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အောင်ဆန်း အားကစားပြိုင်ဝင်း (မိုးလုံ/လေလုံ) အားကစားခန်းမ၌ ကျင်းပသည်။

 

mdn

 

အခမ်းအနားတွင် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းက အဖွင့်အမှာစကားပြောကြားသည်။

ပြိုင်ပွဲ ဖွင့်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယ ပညာသိပ္ပံ (ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေ အတွင်းရေးမှူး ဒေါ်သီသီရှိန်နှင့် အလုပ်အမှုဆောင်များ၊ ပဏာမ မြန်မာ့လက်ရွေးစင် ဂျပန်နိုင်ငံသား ဂျူဒိုနည်းပြချုပ်နှင့် ပြိုင်ပွဲဝင်ဂျူဒိုအသင်းများ တက်ရောက်ကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် သက်ငယ်တန်းဂျူဒိုပြိုင်ပွဲကို ဇွန်လ(၄)ရက်နေ့မှ (၆)ရက်နေ့ အထိ ပြိုင်ပွဲဝင်အသင်း (၁၃)သင်းမှ (ရန်ကုန်၊ မန္တလေး၊မုံရွာ၊ တောင်ကြီးနှင့် လွိုင်ကော်) အားကစားနှင့် ကာယပညာသိပ္ပံအသင်းများ၊ ဧရာဝတီမြောင်းမြ ကလပ်အသင်း၊ အောင်ဆန်း ကလပ်၊ အမျိုးသားရေကူးကန်ကလက်၊ ရွှေပြည်သာကလပ်၊ ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ မွန်ပြည်နယ်အသင်း၊ ဒဂုံဆိပ်ကမ်းအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြိုင်ပွဲတွင် လူသစ်တန်းပြိုင်ပွဲ၌ အမျိုးသား(၈၅)ဦး၊ အမျိုးသမီး (၄၅)ဦး၊ အသက်(၂၀)နှစ် အောက် သက်ငယ်တန်းပြိုင်ပွဲတွင် အမျိုးသား(၈၇)ဦး၊  အမျိုးသမီး(၅၀)ဦး၊ စုစုပေါင်း(၂၆၇)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရရှိသည်။

MDN