၂၀၂၀ MFF Open Cup ဖူဆယ်ပြိုင်ပွဲကို ဇုန်နှစ်ခုခွဲ၍ ဗိုလ်လုပွဲကို မန္တလေးမြို့၌ ကျင်းပမည်

၁၃ မတ်

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်ကော်မတီသည် ၂၀၂၀ ပြည့်နှစ် MFF Open Cup ဖူဆယ်ပြိုင်ပွဲကို ပုံစံသစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးမြို့၌ ဇုန်နှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး ဗိုလ်လုပွဲကိုမူ မန္တလေးမြို့၌ ကျင်းပမည်ဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ယခုနှစ်တွင် ပုံစံပြောင်းလဲကာ ဇုန်နှစ်ခုခွဲ၍ ပြိုင်ပွဲတစ်ခုတည်းဖြင့် ကျင်းပမည်ဖြစ်ပြီး  ဇုန်တစ်ခုတွင် အသင်း ၄၀ စီ ပါဝင်မည်ဖြစ်ကာ ဇုန်တစ်ခုစီမှ ဗိုလ်လုပွဲတက်ရောက်သည့်နှစ်သင်းမှာ နောက်ဆုံးအဆင့် ဆီမီးဖိုင်နယ်အဖြစ် အိမ်ကွင်း၊ အဝေးကွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အသင်းပေါင်း ၈၀ ဖြင့် ကျင်းပမည့် ယင်းပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲကိုမူ မန္တလေးမြို့၌ ကျင်းပသွားမည်ဖြစ်သည်။

 

ဇုန်အလိုက်ပြိုင်ပွဲများကို မေလဒုတိယပတ်တွင် စတင်ကျင်းပရန် စီစဉ်ထားပြီး ပြိုင်ပွဲကျင်းပမည့်ပုံစံ၊ ကျင်းပမည့်နေရာနှင့် ဆုကြေးငွေစသည့် ကိစ္စရပ်များကို ဆက်လက်အတည်ပြုသွားမည်ဖြစ်သည်။ ၂၀၁၉ ခုနှစ်က ကျင်းပသည့် MFF Open Cup ဖူဆယ်ပြိုင်ပွဲကို ရန်ကုန်မြို့တွင် တစ်ပွဲ၊ မန္တလေးမြိူ့တွင်တစ်ပွဲ ကျင်းပခဲ့ပြီး န်ကုန်ပြိုင်ပွဲတွင် MIU အသင်း၊ မန္တလေးပြိုင်ပွဲတွင် GV အသင်းတို့က ဗိုလ်စွဲခဲ့သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်တွင် ဖူဆယ်ပြိုင်ပွဲများ တိုးမြှင့်ကျင်းပရန် စီစဉ်လျက်ရှိသလို ပြိုင်ပွဲများကိုလည်း ပိုမိုအဆင့်မြင့်မားအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်