၂၀၂၀ ပြည့်နှစ် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကျင်းပ

နေပြည်တော် ၁၂ ဖေဖော်ဝါရီ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၀ ပြည့်နှစ် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများအဖြစ် အပြေးမီတာ ၁၀၀/ ၂၀၀/ ၄၀၀/ ၈၀၀ ( အမျိုးသား/ အမျိုးသမီး )၊ သုံးချောင်းထောက်ပြေး ( အမျိုးသား/ အမျိုးသမီး )၊ ဂုန်နီအိတ်စွပ်ပြေး ( အမျိုးသား/ အမျိုးသမီး )၊ ချောတိုင်တက် ( အမျိုးသား )၊ ခေါင်းအုံးရိုက် ( အမျိုးသား/ အမျိုးသမီး )၊  ထုပ်ဆီးတိုး ( အမျိုးသမီး )၊ လွန်ဆွဲ ( အမျိုးသား/ အမျိုးသမီး ) ပြိုင်ပွဲများကို ယနေ့နံနက် ၇ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားလေ့ကျင့်ရေး ကွင်း(၁) ကွင်း(၂) ကွင်း(၃)၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဝင် ဒေါက်တာဦးပွား၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

mdn

 

ပြိုင်ပွဲများအပြီး ဆုပေးပွဲ  အခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြိုင်ပွဲများအသီးသီး၌ ဆုရရှိသူများအား  အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးများဖြစ်ကြသော ဦးထွန်းသန့်၊ ဦးဌေးအောင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်း၊ ဦးထွန်းမြင့်ဦး၊ ပြည်ထောင်စုလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြည်အောင်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော  ဦးလှအောင်၊ ဦးကျော်ဝင်းဟန်တို့မှ ဆုများ အသီးသီးချီးမြှင့်ခဲ့သည်။

 

mdn

 

ယင်းနောက် ထုပ်ဆီးတိုး (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမဆုရရှိသော ပြည်ထောင်စု လွှတ်တော်အသင်း၊ ဒုတိယ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း၊ တတိယ ပြည်ထဲရေးဝန်ကြီးဌာနအသင်း၊ စတုတ္ထ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အသင်းတို့အား ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဝင် ဒေါက်တာဦးပွားမှလည်းကောင်း၊ လွန်ဆွဲ (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမဆုရရှိသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်း၊ ဒုတိယစီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအသင်း၊ တတိယ ပြည်ထဲရေးဝန်ကြီးဌာနအသင်း၊ စတုတ္ထ ဆောက်လုပ်ရေးဝန်ကြီးဌာန အသင်းတို့အား အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှလည်းကောင်း၊ လွန်ဆွဲ (အမျိုးသား) ပြိုင်ပွဲတွင် ပထမဆုရရှိသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်း၊ ဒုတိယ ပြည်ထဲရေး ဝန်ကြီးဌာနအသင်း၊ တတိယ ပြည်ထောင်စုရာထူးဝန် အဖွဲ့ရုံးအသင်း၊ စတုတ္ထ နေပြည်တော် စည်ပင်အသင်းတို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

MDN

Source: လူထုအားကစားနှင့်ပညာပေးဌာနခွဲ