၂၀၂၀ ပြည့်နှစ်တွင် ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း ပြန်လည်လေ့ကျင့်မည်

၇ နိုဝင်ဘာ

 မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ၂၀၂၀ ပြည့်နှစ်တွင် ယှဉ်ပြိုင်ရမည့် နိုင်ငံတကာ ပြိုင်ပွဲများ အတွက် နိုဝင်ဘာနောက်ဆုံးပတ်တွင် ပြန်လည်လေ့ကျင့်ရန် စီစဉ်ထားသည်။

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ထိုင်းနိုင်ငံ၌ ကျင်းပသည့် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယင်းပြိုင်ပွဲအပြီးတွင် လေ့ကျင့်မှုခေတ္တရပ်နားထားသော် လည်း လာမည့်နှစ်တွင် ယှဉ်ပြိုင်ရမည့်ပြိုင်ပွဲများအတွက် ပြန်လည်လေ့ကျင့်သွားမည်ဖြစ်သည်။

 မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ၂၀၂၀ ပြည့်နှစ်တွင် ယှဉ်ပြိုင်ရမည့် အာဆီယံ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲအပါအဝင် အခြားနိုင်ငံတကာပြိုင်ပွဲများအတွက် လေ့ကျင့်ပြင်ဆင်ရန် စီစဉ်နေခြင်းဖြစ်သည်။ 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် လက်ရှိရွေးချယ်ထားသည့် ကစားသမားများကို ပြန်လည် အခြေခံကာ ဖွဲ့စည်းမည်ဖြစ်ပြီး နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းကပင် ဆက်လက်တာဝန်ယူသွား ဖွယ်ရှိနေသည်။ 


မြန်မာ ယူ-၁၉ အသင်း၏ လေ့ကျင့်ပြင်ဆင်မည့်အစီအစဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် နည်းစနစ်ကော်မတီနှင့် ပြန်လည်ညိနှိုင်းသွားမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် ပြီးခဲ့သည့် အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသော်လည်း အာရှထိပ်သီးအသင်းများဖြစ်သည့် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားအသင်းတို့နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွင်း ခြေစွမ်းပိုင်းနှင့် ကစားပုံ သိသိသာသာတိုးတက်ကောင်းမွန်လာသောကြောင့် အလားအလာရှိသည့်အသင်းဟု သတ်မှတ် ထားခြင်းဖြစ်သည်။

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းတွင် အလားအလာရှိသည့် ကစားသမား ကောင်းများ ပါဝင်နေပြီး ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် ကစားသမားလေးဦး ရွေးချယ်ခံထားရသည်။


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်