၂၀၂၀ တိုကျို အိုလံပစ်ပွဲတော်ကို ဦးတည်ပြီး နည်းပညာရပ်များခင်းကျင်းပြသ

တိုကျို  ၂၆ ဒီဇင်ဘာ


ဂျပန်နိုင်ငံ တိုကျိုမြို့မှာကျင်းပမယ့် ၂၀၂၀ တိုကျိုအိုလံပစ်နဲ့ ပါရာလံပစ်ပွဲတော်ကို လာရောက်ကြည်ရှုသူတွေအတွက် အကူအညီဖြစ်စေဖို့ရည်ရွယ်ပြီး နည်းပညာပစ္စည်းကိရိယာတွေကို ခင်းကျင်းပြင်ဆင်ထားတယ်လို့ သိရပါတယ်။


တနင်္လာနေ့နဲ့ အင်္ဂါနေ့ အတွက် ခင်းကျင်းပြသမယ့် အစီအဉ်မှာ လျှပ်စစ်ပိုင်းဆိုင်ရာ တီထွင်ပြုလုပ်သူတွေအပါအဝင် လုပ်ငန်းစု ၄၀ ခန့် ပါဝင်တယ်လို့ သိရပါတယ်။၂၀၂၀ ခုနှစ်အားကစားပြိုင်ပွဲကို ဂျပန်စီးပွားရေးအဖွဲ့အစည်းများ ကောင်စီတစ်ခုက ကူညီပံ့ပိုးပေးသွားမှာလည်း ဖြစ်ပါတယ်။ပြသထားတဲ့ ပစ္စည်းတွေထဲမှာ သုံးစွဲသူတွေဝတ်ဆင်နိုင်တဲ့ အိုင်ဒီကတ်အရွယ် ဘာသာပြန်ကိရိယာတစ်ခုလည်းပါဝင်ပါတယ်။အဲဒီပစ္စည်းကို ဖူဂျီဆု မှ ပြသထားတာဖြစ်ပြီး အလေးချိန်အားဖြင့် ၆၅ ဂရမ်သာ ရှိပြီးတော့ ဂျပန်ဘာသာကနေ အင်္ဂလိပ်လိုနဲ့ တရုတ်လို  ဘာသာပြန်ဆိုပေးနိုင်မှာဖြစ်ပါတယ်။


ဂျပန်လျှပ်စစ်ပစ္စည်းလုပ်ငန်းစုကလည်း အကြားအာရုံလွှဲပစ္စည်းတစ်ခုကို ပြသခဲ့ပါတယ်။အဲဒီပစ္စည်းဟာ သုံးစွဲသူတွေအတွက် လက်ခုပ်အားပေးသံတွေကို တုန်ခါမှုကနေတစ်ဆင့် သိရှိခံစားစေနိုင်ဖို့ အကူအညီဖြစ် စေမှာဖြစ်ပါတယ်။ယင်းပစ္စည်းကို ဆံညှပ်ကလစ်လိုမျိုး အသုံးပြုနိုင်ပါတယ်။ပန်နာဆိုးနစ်ကနေ ပြသတဲ့ပစ္စည်းကတော့ လျှပ်စစ်ဝှီးချဲလ်ပဲဖြစ်ပါတယ်။ဝှီးချဲလ်ဟာ အာရုံခံစနစ်ပါဝင်ပြီး အခုအခံအတားအဆီးနဲ့တွေ့ရင် အလိုအလျောက်ရပ်တန့်သွားမှာဖြစ်ပါတယ်။


ပြသတဲ့ ကိရိယာတွေဟာ ၂၀၂၀ ခုနှစ် အားကစားပြိုင်ပွဲမှာ လူတွေကို အကူအညီဖြစ်စေဖို့ ကောင်စီဝင် နိုရီအာကီ မူရာအီက ယုံကြည်အားထားနေပါတယ်။


(MDN)
ကိုးကား-အင်န်အိတ်ချ်ကေ