၂၀၂၁ ဘောလုံးရာသီအတွက် ဇန်နဝါရီ ၆ ရက်တွင်ပြုလုပ်မည့် လိဂ်ကော်မတီအစည်းအဝေးတွင် အတည်ပြုမည်

၂၈  ဒီဇင်ဘာ

မြန်မာနေရှင်နယ်လိဂ်သည် ၂၀၂၁ ဘောလုံးရာသီအတွက် ဇန်နဝါရီ ရက်တွင်ပြုလုပ်မည့် လိဂ်ကော်မတီအစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်သွားမည်ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်သည် လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် လာမည့်ဘောလုံးရာသီ စတင်မည့်ကာလကို နောက်ဆုတ်ထားပြီး ဧပြီမှ အစောဆုံးပြုလုပ်ရန် လျာထားခြင်းဖြစ်သည်။ ဒီဇင်ဘာ ရက်ကပြုလုပ်သည့် လိဂ်ကော်မတီအစည်းအဝေးတွင် ၂၀၂၁ ဘောလုံးရာသီ စတင်မည့်ကာလ၊ ကျင်းပရန် စီစဉ်ထားသည့်ပြိုင်ပွဲများနှင့်ပတ်သက်၍ လျာထားရက်များထုတ်ပြန်ခဲ့သော်လည်း ယခုပြုလုပ်မည့်အစည်းအဝေးမှသာ အတည်ပြု ဆုံးဖြတ်သွားမည်ဖြစ်သည်။

ထို့ပြင် ပြီးခဲ့သည့်ဘောလုံးရာသီ MNL အမှတ်ပေးပြိုင်ပွဲ၌ ယှဉ်ပြိုင်ခဲ့သည့်အသင်းများအနက် ဇွဲကပင်၊ ချင်းယူနိုက်တက်နှင့် မကွေးအသင်းတို့ နုတ်ထွက်/ဖျက်သိမ်းသွားသလို Southern အသင်းမှာလည်း တစ်ရာသီ နုတ်ထွက်ရန် တင်ပြထားသည့်အပြင် စစ်ကိုင်းယူနိုက်တက်အသင်းမှာလည်း ဘဏ္ဍာရေး အခြေအနေကြောင့် ဆက်လက်ယှဉ်ပြိုင်နိုင်ရန် မသေချာသေးကြောင်း သိရသည်။ ထို့ကြောင့် လိဂ်ကော်မတီအစည်းအဝေးမတိုင်မီ ပြိုင်ပွဲဝင်ခြင်းရှိမရှိ အတည်ပြုရမည်ဖြစ်ပြီး ဇန်နဝါရီ ရက်တွင်ပြုလုပ်မည့် လိဂ်ကော်မတီအစည်းအဝေးတွင် MNL နှင့် MNL-2 ပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းများအား အတည်ပြုမည်ဖြစ်သည်။

MNL အမှတ်ပေး ဘောလုံးပြိုင်ပွဲကို ဧပြီလမှ စက်တင်ဘာလ၊ MNL 2 အမှတ်ပေးဘောလုံးပြိုင်ပွဲကို မေလမှ သြဂုတ်၊ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲကို ဇွန်လမှ စက်တင်ဘာလ၊ အမျိုးသမီးလိဂ် ဘောလုံးပြိုင်ပွဲကို ဧပြီ/မေလမှ ဇူလိုင်လအထိ ပြုလုပ်ရန် လျာထားသတ်မှတ်ထားပြီး လိဂ်ကော်မတီအစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်မည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ