၂၀၂၁ ခုနှစ်တွင် ကင်ဆာရောဂါသည် တောင်ကိုရီးယား၌ လူသေဆုံးမှု အများဆုံးအဖြစ်ရှိနေ

ဆိုးလ်   စက်တင်ဘာ    ၂၈

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့လျက်ရှိသော တောင် ကိုရီးယားနိုင်ငံ၌ ၂၀၂၁ ခုနှစ်တွင် ကင်ဆာရောဂါသည် နိုင်ငံ၏ လူသေဆုံးမှု အများဆုံးအဖြစ် ရှိနေကြောင်း စက်တင်ဘာ ၂၇ ရက်တွင် ဖော်ပြသော စာရင်းအင်းရုံး အချက်အလက်အရ သိရသည်။

စာရင်းအင်းရုံး၏  အချက်အလက်အရ  တောင် ကိုရီးယားနိုင်ငံ၌ ၂၀၂၁ ခုနှစ်တွင် ကင်ဆာရောဂါ ကြောင့်  လူ ၁၀၀၀၀၀ လျှင် ၁၆၁ ဒသမ ၁ ရာခိုင်နှုန်း သေဆုံးလျက်ရှိပြီး   ယခင်နှစ်ကထက်   ၀   ဒသမ ၆   ရာခိုင်နှုန်း   မြင့်တက်လာကြောင်း    သိရသည်။ ကင်ဆာရောဂါသေဆုံးမှုများအနက် အဆုတ်ကင်ဆာ ကြောင့် သေဆုံးမှုနှုန်းသည် လူ ၁၀၀၀၀၀ လျှင် ၃၆  ဒသမ ၈ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ပြီး ၎င်းနောက် တွင် အသည်းကင်ဆာက ၂၀ ဒသမ ၀ ရာခိုင်နှုန်း၊ အူမကြီးကင်ဆာက ၁၇ ဒသမ ၅ ရာခိုင်နှုန်း၊ အစာအိမ် ကင်ဆာက ၁၄ ဒသမ ၁ ရာခိုင်နှုန်းနှင့် ပန်ကရိယ ကင်ဆာက ၁၃ ဒသမ ၅ ရာခိုင်နှုန်းဖြင့် အများဆုံး ဖြစ်သည်။ 

တောင်ကိုရီးယားနိုင်ငံ၌     ဒုတိယအများဆုံး သေဆုံးရသောရောဂါသည် နှလုံးရောဂါဖြစ်ပြီး ၂၀၂၁ ခုနှစ်၌ လူ ၁၀၀၀၀၀ လျှင် ၆၁ ဒသမ ၅ ရာခိုင်နှုန်း သေဆုံးမှုဖြစ်ပေါ်ခဲ့သည်။ ထို့ပြင် တတိယအများဆုံး    သေဆုံးရသော   ရောဂါသည်    အဆုတ်ရောင်ရောဂါ ဖြစ်ပြီး  လူ ၁၀၀၀၀၀ လျှင် ၄၄ ဒသမ ၄ ရာခိုင်နှုန်းသေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ 
တောင်ကိုရီးယားနိုင်ငံ၌ သေဆုံးမှုဖြစ်ပွားရခြင်း ထိပ်ဆုံးသုံးခုကြောင့် ယခင်နှစ်က သေဆုံးမှုစုစုပေါင်း ၏ ၄၃ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ 

ဆင်ဟွာ