၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲတွင် အောင်မြင်သူများ၊ ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်

 

နေပြည်တော် ဇွန် ၂၆  

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲတွင် အောင်မြင်သူများ၊ ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ထူးချွန်ဆုရဝန်ထမ်းများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့၊ နံနက် နာရီတွင်  လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရှိ ရဲရွာခန်းမ၌ ပြုလုပ်သည်။

 

အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ ထူးချွန်ဆုရ ကျောင်းသား/ ကျောင်းသူများနှင့် မိဘများ၊ ထူးချွန် ဆုရဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ယနေ့အခမ်းအနား တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူကြို၊ မူလတန်း၊ အလယ်တန်းအဆင့်တွင် ပညာသင်ကြားနေသည့် ဝန်ကြီးဌာနဝန်ထမ်းများ၏ သား/သမီးများကို ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးသွားမည် ဖြစ်ပြီး အထက်တန်းနှင့် တက္ကသိုလ် အသီးသီးတို့တွင် တက်ရောက် ပညာသင်ကြားနေသည့် ဝန်ထမ်းများ၏ သား/သမီးများကိုလည်း ပညာသင်စရိတ်ထောက်ပံ့ ချီးမြှင့်ပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် သင်တန်းအသီးသီးတွင် ထူးချွန်ဆုရရှိခဲ့ကြသည့် ဝန်ထမ်းများ ကိုလည်း ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ပါကြောင်းမိမိတို့ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဝန်ထမ်းသား/သမီးများမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် စုစုပေါင်း(၁၈၉)ဦး အောင်မြင်ခဲ့ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၆)ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး၏ ဇနီးက (၅)ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူများကို လည်းကောင်း၊ ဌာနအကြီးအကဲများက (၄)ဘာသာဂုဏ်ထူးနှင့် (၃)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူများနှင့် ထူးချွန်ဆုရ ဝန်ထမ်းများကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများ ကိုယ်စား ()ဘာသာဂုဏ်ထူးရှင် တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနအကြီးအကဲများသည် ထူးချွန်ဆုရဝန်ထမ်းများ၊ ဂုဏ်ထူးရ ကျောင်းသား/သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး နံနက်စာကို အတူတကွ သုံးဆောင်ကြသည်။

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၆)ဘာသာ ဂုဏ်ထူးရှင်(၅)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၈)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၁၀)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၁၇)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင်(၃၇)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၁၀၉)ဦး၊ စုစုပေါင်း (၁၈၉)ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)