၂၀၂၂ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း ပိုက်ကျော်ခြင်းနှင့် ရိုးရာဝိုင်းဖွဲ့ခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

ရန်ကုန်   ဇန်နဝါရီ   ၁၁

၂၀၂၂ ခုနှစ် ကာကွယ်ရေးဦးစီးချုပ် (လေ) တံခွန်စိုက်ဒိုင်း ပိုက်ကျော်ခြင်းနှင့် ရိုးရာဝိုင်းဖွဲ့ခြင်းလုံး ပြိုင်ပွဲ ဖွင့်ပွဲကို ဇန်နဝါရီ  ၁၀ ရက် နံနက်ပိုင်းတွင် မှော်ဘီလေတပ်စခန်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ တပ်မတော် (လေ) မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံ ခြင်းလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြပြီး ကာကွယ်ရေးဦးစီးချုပ်(လေ) ကိုယ်စား ဗိုလ်ချုပ်လှညွန့်က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများသည် မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်မှ ခြင်းလုံးအလှပြ ကစားမှုနှင့် ပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ ပိုက်ကျော်ခြင်းနှင့် ရိုးရာဝိုင်းဖွဲ့ခြင်းလုံး ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့် ဇန်နဝါရီ ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်