၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ကာဂျစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားမှု တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် ၈ အောက်တိုဘာ

 

၂၀၂၂ ကာတာကမ္ဘာ့ဖလား World Cup 2022 Qatar Qualifiers  ခြေစစ်ပွဲစဉ်အဖြစ် မြန်မာလက်ရွေးစင်အသင်းနှင့် ကာဂျစ္စတန် လက်ရွေးစင် အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို အောက်တိုဘာ ၁၀ ရက် မြန်မာစံတော်ချိန် ည ၉ နာရီတွင် ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့၌ ကျင်းပသွားမည်ဖြစ်သည်။

 

အဆိုပါပွဲစဉ်ကို မြန်မာ့ရုပ်မြင်သံကြား (MRTV)၊ MRTV Sport Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ ယင်းနေ့ည(၈)နာရီ (၄၅)မိနစ် အချိန်မှ စတင်၍ တိုက်ရိုက် ထုတ်လွှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်