၂၀၂၂ ခုနစ် မွန်ပြည်နယ်ဆားထွက်ရာဒေသမှ နေလှန်းဆား ဧက ၄၂၄၁ ဒသမ ၉၀ တွင် တန်ချိန် ၄၂၅၁၀ ထုတ်လုပ်ရန်လျာထား

မော်လမြိုင် ဇန်နဝါရီ ၂၃

၂၀၂ ခုနှစ် မွန်ပြည်နယ် ထွက်ရာဒေသများဖြစ်သည့် ပေါင်မြို့နယ်ထန်းပင်ချောင် ဆားကွင်း၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီ၊ စက်စဲ၊ ပင့်နှင့် ကရုပ္ပံ | ဆားကွင်း၊ ရေးမြို့နယ်တွင် နှစ်ကရင်၊ ပလိုင်ကီး ဆားကွင်းတို့၌ နေလှန်းဆားဧက ၄၂၄၁ ဒသမ ၉၀ တွင် ဆားတန်ချိန် ၄၂၅၁၀ ထုတ်ရန် လျာထားသတ်မှတ်ချက်အတိုင်း ဆားလုပ်ငန်းစတင် ထုတ်လုပ်နေပြီဖြစ်ကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

“မွန်ပြည်နယ် နေလှန်းဆား ပငဆားကွင်းဒေသ ပေါက်ဈေးအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလဝန်းကျင် ဆားတစ်ပိဿာ ပေါက်ဈေး ငွေကျပ် ၁၂၀ ထိ ရှိခဲ့တယ်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာပဲ ဆားတစ်ပိဿာ ပေါက်ဈေး ငွေကျပ် ၁၄၀ ထိရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ တတိယ ၂ ပတ်လောက် ဆားအသစ်ထွက်တော့ တစ်ပိဿာ ငွေကျပ် ၈၀ လောက်ပဲ ဈေးရတယ်။ ထုတ်လုပ်မှုကုန်ကျစရိတ်က ဈေးမြင့်နေတာကြောင့် တွက်ခြေမကိုက်ပါဘူး” ဟု ပငဆားကွင်းမှ ဆားတောင်သူတစ်ဦးက ပြောသည်။

၂၀၂၁ ခုနှစ် မွန်ပြည်နယ် ဆားထုတ်လုပ်သည့် ဒေသတစ်ခုလုံး ၄၂၁၄ ဒသမ ၇၄ ဖြစ်ပြီး ဆေးထုတ်လုပ်သူ ၇၃ ဦးရှိကြောင်း၊ ၂၀၂ ခုနှစ်တွင် ၄၂၄၁ ဒသမ ၉၀ ဖြစ်ပြီး ဆားထုတ်လုပ်သူ ၈၇ ဦး ရှိကြောင်း၊ ဆားအထွက်ကောင်းသော မတ်လနှင့် ဧပြီလတို့တွင် မိုးမမိရန် အရေးကြီးကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်းဦးစီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မုဒုံမောင်မောင်