၂၀၂၂ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

ပဲခူး မေ ၁၅
     
 
ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမတွင် မေလ ၁၄ ရက် ညနေပိုင်းက ၂၀၂၂ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင် ရိုးရာခြင်းလုံးခတ် ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။
     
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ရိုးရာခြင်းလုံးညွှန့်ပေါင်းအသင်းမှ အဖွဲ့လိုက်အလှခတ်နှင့် တစ်ဦးချင်း အလှခတ် သရုပ်ပြသမှုတို့အား ကြည့်ရှု့အားပေးကြသည်။
      
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးမှ သက်ငယ်အကြိုးစားဆုံး အသင်းဆုရရှိသော တောင်ငူခရိုင်အသင်းအား ဆုဖလားနှင့် ငွေသားဆုကျပ်(၂)သိန်းအားလည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေမှ သက်ငယ်အတိုးတက်ဆုံးဆုရရှိသော သာယာဝတီခရိုင်မှ မောင်မျိုးအောင်အား ဆုဖလားနှင့် ငွေသားဆု(၅)သောင်းကျပ်နှင့် အကောင်းဆုံး အားကစားသမားဆုရရှိသော ပဲခူးခရိုင်အသင်းမှ မောင်စည်သူဖြိုးအား ဆုဖလားနှင့် ငွေသားဆု(၇)သောင်း ကျပ်အားလည်းကောင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်မှ ဒုတိယဆုရရှိ သော သာယာဝတီခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်ဆွဲပြားနှင့် ငွေသားဆု(၅)သိန်းကျပ်တို့အား အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
     
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ  ရိုးရာခြင်းလုံး အဖွဲ့လိုက် အလှခတ် သရုပ်ပြသသော ညွှန်ပေါင်းအသင်း၊ တစ်ဦးချင်းအလှခတ် သရုပ်ပြသအဖွဲ့နှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံး အဖွဲ့ချုပ်မှ ဒိုင်တို့အား ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ ပထမဆုရရှိသော ပဲခူးခရိုင်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်ဆွဲပြား၊ ပထမဆုဖလားနှင့် ငွေသားဆုကျပ်(၇)သိန်းတို့အား ပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြကြောင်း သိရသည်။
    
အဆိုပါ ၂၀၂၂ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင် ရိုးရာခြင်းလုံးခတ် ပြိုင်ပွဲအား မေလ(၁၃)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူး/ တောင်ငူ/ ပြည်/ သာယာဝတီခရိုင်တို့မှ ပြိုင်ပွဲအသင်း(၄)သင်းက လက်ရွေးစင် ဘယ်/ညာစုံ၊ ခြင်းလတ်မျိုးကွဲ၊ ခြင်းလတ်မျိုးတူ၊ ခြင်းကြီးဘယ်/ညာစုံ၊ ခြင်းကြီးမျိုးကွဲ၊ ခြင်းကြီးမျိုးတူ၊ ဝိုင်းလည်အတွဲ၊ လက်ရွေးစင်မျိုးကွဲ၊ လက်ရွေးစင်မျိုးတူစသည့် ခြင်းနည်း(၉)မျိုးဖြင့် ပါဝင်ယှဉ်ပြိုင်ကြကြောင်း သတင်း ရရှိသည်။

တင်စိုး(ပဲခူး)