၂၀၂၂ ခုနှစ်အတွင်း ဂျပန်နိုင်ငံသို့ လာရောက်သည့်  နိုင်ငံခြားသားဦးရေ ၃ ဒသမ ၈၃ သန်းအထိ ရှိ

တိုကျို  ဇန်နဝါရီ  ၂၀ 

၂၀၂၂ ခုနှစ်အတွင်း ဂျပန်နိုင်ငံအစိုးရက ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်းများကို ဖြေလျှော့ပေးခဲ့ ပြီးနောက် ဂျပန်နိုင်ငံသို့ လာရောက်သည့် နိုင်ငံခြား ခရီးသည်အရေအတွက် ၃ ဒသမ ၈၃ သန်းအထိ ရှိခဲ့ပြီး ယခင်နှစ်ကထက် ၁၅ ဆ တိုးလာကြောင်း သိရသည်။ 

အဆိုပါ နိုင်ငံခြားခရီးသွားဦးရေ တိုးလာသော် လည်း ယမန်နှစ်က ကိန်းဂဏန်းသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မဖြစ်ပွားမီကာလထက် ၈၈ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း ဂျပန်အမျိုးသား ခရီးသွားလုပ်ငန်းအဖွဲ့က ဆိုသည်။ 
ကိုဗစ်ကာလမတိုင်မီ တစ်နှစ်အတွင်း ဂျပန်နိုင်ငံ သို့ လာရောက်သည့် နိုင်ငံခြားသားခရီးသည်အရေအတွက်သည်   ၃၁ ဒသမ ၈၈ သန်းရှိပြီး စံချိန်တင် အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
 
၂၀၂၂ ခုနှစ် အောက်တိုဘာလမှစပြီး ကိုဗစ် စည်းမျဉ်းများကို ဖြေလျှော့ကာ နိုင်ငံခြားသား ခရီးသွားများအတွက် ဗီဇာကင်းလွတ်ဝင်ရောက် ခွင့်ကို ပြန်လည်စတင်သည့်အချိန်မှစပြီး ဂျပန်နိုင်ငံ သို့ ဝင်ရောက်သည့် နိုင်ငံခြားသားအရေအတွက် တဖြည်းဖြည်း တိုးတက်လာခဲ့သည်။ 

ဒီဇင်ဘာလတစ်လတည်းတွင် ဂျပန်နိုင်ငံသို့ နိုင်ငံခြားခရီးသွားဦးရေ ၁ ဒသမ ၃၇ သန်းဝင်ရောက် ခဲ့ပြီး ယခင်နှစ်အဆိုပါကာလအတွင်း ဝင်ရောက်သည့် ဦးရေ ၁၂၀၈၄ ဦးထက် သိသိသာသာ တိုးလာသည်ဟု ဂျပန်အမျိုးသားခရီးသွားလုပ်ငန်းအဖွဲ့က ပြောကြား သည်။

ထို့ပြင် ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ဒီဇင် ဘာလအတွင်း နိုင်ငံခြားသားခရီးသည်များသည် ယန်း ၅၉၅ ဒသမ ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၄ ဘီလီယံခန့်) သုံးစွဲခဲ့ပြီး ၂၀၁၉ ခုနှစ် အလားတူကာလ၏ ထက်ဝက်ခန့် သုံးစွဲခဲ့ကြောင်း ဂျပန်အမျိုးသားခရီးသွားလုပ်ငန်းအဖွဲ့က ဆိုသည်။ 

ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အောင်ကျော်ကျော်