၂၀၂၂ ခုနှစ်တွင် တပ်အင်အား ၅၀၀၀၀၀ အထိလျှော့ချရန် တောင်ကိုရီးယားစီစဉ်

၆ နိုဝင်ဘာ

 

တောင်ကိုရီးယားနိုင်ငံတွင် လူဦးရေ စာရင်းပြောင်းလဲမှုကို ကိုင်တွယ်ရန် အားထုတ်ကြိုးစားမှု တစ်စိတ်တစ်ပိုင်း အနေဖြင့် ၂၀၂၂ ခုနှစ်တွင် တပ်အင်အား ၅၀၀၀၀၀ အထိ လျှော့ချရန် စီစဉ်ခဲ့ကြောင်း စီးပွားရေးနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ယနေ့ပြောကြားခဲ့သည်။

 

စစ်တပ်တွင် အမှုထမ်းအရေအတွက် လျော့နည်းသွားမှုနှင့် မျက်မှောက်ခေတ် စစ်ဆင်ရေး ပြောင်းလဲမှုအတွက် ပြင်ဆင်ရန် ၂၀၂၂ ခုနှစ်တွင် တပ်အင်အားကို  ၅၀၀၀၀၀ ခန့်အထိ လျှော့ချမည်ဟု ထုတ်ပြန်ကြေညာချက် တစ်ခုတွင် ထိုဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

၂၀၁၈ ခုနှစ် ကာကွယ်ရေး စာရွက်စာတမ်းအရ ထိုနိုင်ငံတွင် ပြီးခဲ့သည့်နှစ်က တပ်ဖွဲ့ဝင် ၅၉၉၀၀၀ ရှိသည်ဟု သိရသည်။

 

အဆိုပါ စစ်တပ်တွင် စာရင်းသွင်းသူ အရေအတွက်သည် ၂၀၃၈ ခုနှစ်တွင် ၁၆၁၀၀၀ သို့ လျော့ကျမှု မဖြစ်ခင် ၂၀၂၅ ခုနှစ်တွင် ၂၂၅၀၀၀ သို့ ကျဆင်းမည်ဟု ကြိုတင်ခန့်မှန်းထားသည်။

 

Yonhap သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ ၂၀၁၆ ခုနှစ်တွင် ကိန်းဂဏန်းအားဖြင့် ၃၆၀၀၀၀ ရှိကြောင်း သိရသည်။

 

ထိုစစ်တပ်သည် လျှော့ချလိုက်သော တပ်သားများအစား  အမည်မဖော်သော လေယာဉ်များ၊ ကင်းထောက်ဂြိုလ်တုများ၊ လက်နက်များပါသော မောင်းသူမဲ့ ဒရုန်းယာဉ်များကို အသုံးပြုကာ သိပ္ပံနှင့်နည်းပညာ အခြေခံသော နည်းဗျူဟာအပေါ် အာရုံစိုက်ရန် စီစဉ်ခဲ့သည်။

 

ကိုရီးယား ကိန်းဂဏန်း ခန့်မှန်းတွက်ချက်မှုအရ နိုင်ငံ၏ လူဦးရေမှာ ၂၀၆၇ ခုနှစ်တွင် ၃၉ သန်းထိ လျော့ကျမည်ဟု မျှော်လင့်ရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို